သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဒေါက်တာအေးမောင်၏ မင်းပြားမြို့ခရီးစဉ်တွင် လူပေါင်း ၅ဝဝဝခန့် ကြိုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/ ၂ဝ၂၁

နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသည့် ဒေါက်တာအေးမောင်၏ ယနေ့ ပြုလုပ်သည့် မင်းပြားမြို့ ဘုရားဖူးခရီးစဉ်တွင် လူပေါင်း ၅ဝဝဝ ခန့်မှ ကြိုဆိုနုတ်ဆက်ကြခဲ့ကြကြောင်း သိရသည်။

ဒေါက်တာအေးမောင်မှာ မင်းပြားမြို့သို့ ယနေ့ နံနက် ၇ နာရီခန့်မှရောက်ရှိလာပြီးနောက်  ဓမ္မပီယ ဆရာတော်အား သွားရောက်ကန်တော့ရန်သွားရောက်စဉ်  လမ်းတစ်လျှောက်တွင် မင်းပြားလူထုမှ ကြိုဆိုခဲ့ကြခြင်း ဖြစ်ကြောင်း  မင်းပြားမြို့နယ် ရခိုင့်ဦးဆောင်ပါတီ အဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုကျော်ဝင်းခိုင်က ပြောသည်။

တစ်မြို့လုံးနီးပါးကြိုနေကြတာလို့သာပြောချင်တယ်။ မြို့က အခုပြန်ထွက်လာပြီး အမ်းသားရွာ တစ်လျှောက် လမ်းမှာ လူတွေကြိုနေကြတယ်။ ဒေါက်တာအေးမောင်ကို ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒီထက်မက ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုကြတယ်ဟုပြောသည်။

ဒေါက်တာအေးမောင်အပေါအဝင် စာရေးဆရာဝေဟင်အောင်တို့မှာ လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ရသေ့တောင်မြို့နယ်တွင်ပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျရှုံးခြင်း၊ ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များနှင့် ပတ်သတ်၍ ဖမ်းဆီးခံခဲ့ရသည်။

ဒေါက်တာအေးမောင်အား မင်းပြားခရီးစဉ်နှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်ရာ လမ်းတစ်လျှောက် ပြည်သူများနှင့် တွေ့ဆုံနေရ၍ အင်တာဗျူးပေးရန် မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။

ယင်းနောက်၂ဝ၁၉ ခုနစ်မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် ထောင်ဒဏ် (၂ဝ)ချမှတ်ခံခဲ့ရပြီး ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရကြောင်း သိရသည်။

ယခုနှစ် ဖော်ဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၄င်းတို့ နှစ်ဦးမှာ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

ဒေါက်တာအေးမောင်၏ ယခုခရီးစဉ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက်   ရက်အကြာတွင် ပြုလုပ်သည့် ခရီးစဉ် ဖြစ်သည်။

၄င်းနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ စစ်တွေမြို့ရှိစစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ လူထုများနှင့် တွေ့ဆုံပြီး ဖေဖော်ဝါရီ ၂၀ နေ့က ကျောက်တော်မြို့နယ် မဟာမုနိဘုရားကို သွားရောက်ဖူးမျှော်ခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မြောက်ဦး ယနေ့ ၂၇ ရက်နေ့တွင် မင်းပြားမြို့များသို့ သွားရောက်ခဲ့ခြင်ဖြစ်ကြောင်း ဒေါ်မိမိခိုင်၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ