သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရခိုင်အရပ်ဖက်အဖွဲ့ အစည်း (၇၇) ဖွဲ့မှ ကြေညာချက်ထုတ်ပြီး အချက် ၃ ချက်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၂/ ၂ဝ၂၁

 

ရခိုင်အရပ်ဖက်အဖွဲ့ အစည်း (၇၇)ဖွဲ့က မတ်လ ၂၁ ရက်နေ့က ကြေညာချက် တစ်စောင်ုတ်ပြန်ပြီး နိုင်ငံတော်စီမံကိန်းအုပ်ချုပ်ရေးကောင်စီကို အချက် (၃)ချက်အား တောင်းဆိုလိုက်သည်။

၎င်းအချက် (၃) ချက်မှာ က်နက်မဲ့ပြည်သူများအပေါ်အင်အားအလွန်အကျွံသုံး နှိမ်နှင်း ဖြိုခြွင်းသည့် လုပ်ရပ်များကို လုံးဝအဆုံးသတ်ပေးရန်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီး ထိမ်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ပြည်သူများလိုလားသော ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ရန် တို့ဖြစ်သည်။

၄င်းထုတ်ပြန်ချက်တွင် ပါဝင်သည့် ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦး က ကျွန်တော်တို့ အဖွဲ့အစည်းတွေက ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးခဲ့ကြတယ်။ အဓိကတော့ စစ်အာဏာသိမ်းမှု ဆန္ဒပြတဲ့အပေါ်မှာ ဖိနှိပ်မှုတွေက သိပ်များလာတဲ့အချိန်မှာ ကျွန်တော်တို့ ရခိုင်တွေအနေနဲ့ လူသားတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတာတွေကို ပြောဖို့ အချိန်တန်ပြီဆိုပြီးတော့ပေါ့။ဟု ပြောသည်။

 ၄င်းတို့ ထုတ်ပြန်ချက်ထဲတွင် ၂ဝ၂၁ ခုနစ်ဖေဖော်ဝါရီ (၁) ရက်နေ့တွင် အာဏာသိမ်းလိုက်သော မြန်မာစစ်တပ်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြသော အရပ်သားပြည်သူများကို နည်းလမ်းမျိုးစုံအသုံးပြုပြီး အင်အားအလွန်အကျွံသုံးဖြိုခွင်းနေသည့်အတွက် ယနေ့အထိ (၄၈) ရက်အတွင်း အရပ်သားပြည်သူ သေဆုံး(၂၄၇) ဦး၊ ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၃၄၅) ဦးအထိ ရှိနေပြီဖြစ်ကြောင်း (AAPP) အဖွဲ့၏ထုတ်ပြန်ချက်အရ သိရကြောင်းဖြင့်လည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ