သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တစ်ဘက်သတ်အပစ်အခတ်ရပ်စဲခြင်းကိစ္စရပ်အား ပြန်လည်သုံးသပ်နေဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 924

နိရဥ္စရာ၊ မတ် ၃ဝ / ၂ဝ၂၁
အာဏာသိမ်းပြီးနောက် တပ်မတော်၏လုပ်ရပ်များကြောင့် တစ်ဘက်သတ်အပစ်အခတ်ရပ်စဲခြင်းကိစ္စရပ်အား ပြန်လည်သုံးသပ်နေသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က ယနေ့တွင် ကြေညာထုတ်ပြန်လိုက်သည်။
ယခုလုပ်ရပ်များကို တပ်မတော်အနေဖြင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘဝတူညီနောင်များနှင့်အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ