သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ALP မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၅) ဦး အိန္ဒိယနိုင်ငံနယ်စပ်တွင် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 691

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇွန် ၁၃/ ၂ဝ၂၁

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (၅) ဦးတို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

၄င်းတို့ (၅)ဦးသည် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ALP မှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခိုင်စောမြက နိရဥ္စရာကို အတည်ပြုသည်။

သူတို့ခရီးတစ်ခုထွက်တဲ့လမ်းမှာ ဖမ်းဆီးခံရတာပါ။ ဖြစ်တယ်ဆိုတာကိုသိတယ်။ အာသံရိုင်ဖယ်ဆိုတဲ့ အိန္ဒိယစစ်တပ်တစ်ခုဆီမှာ ဖမ်းဆီးခံရတာပါ။ ဘယ်လိုဖြစ်သွားခဲ့ကြလဲ၊ ဘာကြောင့် ဖမ်းဆီးခံရတာလဲဆိုုတာကို အထက်ကို ကျွန်တော်တို့စုံစမ်းနေပါတယ်။ သူတို့နဲ့ အဆက်သွယ်မရသေးဘူးဟုပြောသည်။

သူ့အနေဖြင့် ဖမ်းဆီးခံထားရသူများ၏ အမည်ကို အတည်ပြုရန် မေးမြန်းနေပြီး ဖမ်းဆီးခံရသည့်အထဲတွင် အရာရှိတစ်ဦးပါဝင်နေသည်ကို သိရှိထားကြောင်း ဆက်ပြောသည်။

Photo - Ko Tun Khine

ဆက်စပ် သတင်းများ