သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းအုပ်စုမှ ရွာသုံးရွာကိုစစ်တပ်ကဝင်ရောက်စစ်ဆေး၊လူငယ် ၂ဝခန့်ထွက်ပြေးတိမ်းရှောင်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

ချစ်အိလှိုင်

နိရဥ္စရာ၊ သြဂုတ် ၆/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာအုပ်စုအတွင်းရှိ ကြိုးကြာကွင်းရွာ၊ မှန်နီရွာနှင့် ကျားတံခါးကျေးရွာ သုံးရွာမှ ကျေးရွာသားတချို့ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေပြီး ကျေးရွာများအတွင်းက ူငယ် ၂ဝ ခန့်လည်း ွာမှ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကျေးရွာသားများက ပြောသည်။

 

ဒေသခံ ရွာသားတစ်ဦးက စစ်တပ်ကား ၁ဝစီးလောက် ကြိုးကြာကွင်းအုပ်စုကို မနေ့က ဩဂုတ် ၅ ရက်နေ့ နံနက်မှာ ်လာတယ်။ တောင်ကုတ်မြို့အဝင်က ၅၄၂၊ ၅၄၃ တပ်ရင်းကပါ။ မှန်နီရွာကို နှစ်စီး၊ ကျားတံခါးရွာမှာနှစ်စီးနဲ့ ကြိုးကြာကွင်းမှာတစ်စီးဝင်စစ်တယ်။ ကျန်တဲ့ကားတွေ အထက်ဖက်က ရွာတွေဆီကို တက်သွားတယ်။ ကြိုးကြာကွင်းတစ်ရွာလုံး စစ်သားတွေနဲ့ ဖြစ်ကုန်တယ်။ အေအေ ရှိလားရှိပြီးစစ်တာပါ။ အေအေကို ထောက်ပံ့ပေးတယ်ဆိုပြီး ရွာသားတချို့လည်း အဖမ်းခံရပါတယ်။ ပြန်လွတ်လာကြပါတယ်။ ဖမ်းလိုက်ပြန်လွတ်လိုက်ပါ။ အကုန်လုံးဆိုရင် နှစ်ဆယ်လောက်ရှိပြီ။ ရွာက လူငယ် နှစ်ဆယ်လောက်လည်း ထွက်ပြေးနေရတယ်ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

က္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု သံသယရှိသည့် ရွာသားများကို အဓိက ခေါ်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်တပ်က ဝင်ရောက်စစ်ဆေးမှုသည် လွန်ခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ကြိုးကြာကွင်းကျေးရွာအုပ်စုက ကျေးရွာတာဝန်ခံတစ်ဦးအား အမည်မသိလူတစ်စုမှ ဖမ်းဆီး သွားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

 

ကြိုးကြာကွင်းကျေးရွာမှ အသက်(၅ဝ) ကျော်အရွယ် ဦးအောင်ချိန်ဆိုသူအား သြဂုတ်လ ၄ ရက်နေ့က တစ်ကြိမ် ယမန်နေ့ သြဂုတ် ၅ ရက်နေ့ကတစ်ကြိမ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခု ပြန်လွတ်လာကြောင်း ၄င်းက ဆက်ပြောသည်။

 

နောက်ထပ်ကြိုးကြာကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက စိုးရိမ်မိတာပေါ့ရှင်။ ရွာထဲဝင်ပြီး အေအေလားလို့ လိုက်မေးနေတာကို။ မင်းဘယ်သူ့ကို သိလား။ အေအေရှိတဲ့ မိသားစုတွေ ရှိလား။ အဲမျိုးတွေ လိုက်မေးတာပါ။ ဟိုနေ့က ကားပေါ်မှာ လူငယ်၊ လူလတ်ပိုင်း နှစ်ဆယ်လောက် တင်သွားတာတွေ့လိုက်ပါတယ်။ ပြန်လွတ်တဲ့လူတွေရှိတယ်လို့လည်း သိရပါတယ်ဟုပြောသည်။

 

ကျေးရွာအတွင်း စစ်ဆေးရေးလုပ်ဆောင်ရာတွင် ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတို့လည်း ပါဝင်ကြောင်း၊ အိမ်တိုင်းကို ဝင်ရောက်စစ်ဆေးခြင်းမျိုးမဟုတ်ပဲ ကွက်ကြားဝင်ရောက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကြိုးကြာကွင်းကျေးရွာအုပ်ချုပ်ရေးမှူးအားမေးမြန်းရာ ၄င်းမှာ ဖြေဆိုလိုခြင်းမရှိကြောင်း၊ သူအနေဖြင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိကြောင်း ပြောဆိုသည်။

 

တောင်ကုတ်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးဇော်လတ်အား ယခင်နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်နေကျ ဖုန်းအား ဆက်သွယ်ရာ ၄င်းမှာ လွင်မိုးဇော်ဆိုသည့် လူသာဖြစ်ကြောင်း၊ ဖုန်းမှားနေကြောင်း ဖြေဆိုပြီး ဖုန်းချသွားခဲ့သည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား မေးမြန်းရန်ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းမကိုင်သဖြင့် ၄င်းကြိုးကြာကွင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်ဖက်မှ အတည်ပြုချက်တစ်စုံတစ်ရာမရရှိသေးပါ။

ဆက်စပ် သတင်းများ