ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်-မြန်မာပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းနေ့ အခမ်းအနား ကိုဗစ်ကပ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်မကျင်းပနိုင်သော်လည်း ဆရာကြီးအုတ်ဂူကို အဖွဲ့လိုက် သွားရောက်ဂါရဝါပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k

သျှင်မင်းဇံ

နိရဉ္စရာ၊ သြဂုတ် ၁/၂၀၂၁

 

သြဂုတ်လ ၁၄ ရက် ယနေ့တွင် ကျရောက်သည့် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းနေ့ (၃၁)နှစ်ပြည့် အခမ်းအနားကို ကိုဗစ်ကပ်ရောဂါကြောင့် ကျယ်ကျယ်ပြန့်ပြန့်မကျင်းပနိုင်သော်လည်း ဆရာကြီး အုတ်ဂူကို လေးစားမြတ်နိုးသူများ ပန်းခွေများ၊ ဆီးမီးများထွန်းညှိကာ အဖွဲ့လိုက် သွားရောက် ဂါရဝပြုခဲ့ကြသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားခြေင်း၌ တည်ရှိသည့် ဆရာကြီးအရိုးအုတ်ဂူသို့ အဖွဲ့လိုက် ကိုဗစ်စည်ကမ်းများနှင့်အညီ လာရောက် ဦးညွှတ် ဂါရဝါပြုသူများရှိကြောင်း၊ ညနေပိုင်းတွင်  မြောက်ဦးလူငယ်များအစည်းအရုံးက ဆီးမီးထွန်း ဂါရဝပြုခဲ့ကြကြောင်း ဆရာကြီး အုတ်ဂူသို့ ကိုယ်တိုင်သွားရောက် ဂါရဝပြုခဲ့သည့် ကိုဇော်ထွန်းက ပြောသည်။

" ကိုဗစ်နဲ့ အခမ်းအနားတွေ လုပ်တာမရှိဘူး။ ဒါပေမဲ့ ဆရာကြီးအုတ်ဂူကို ဆရာကြီးရဲ့ မိသားစုဝင်တွေ၊ ရဟန်းတော်တွေ၊ သူရဲ့ တပည့်တွေ၊ လူငယ်တွေ၊ မြောက်ဦး ANP  နဲ့ We Love Rakhine အဖွဲ့တွေက အဖွဲ့လိုက် လာရောက်ကြပြီး ပန်းခွေချတာတွေ၊ ဂါရဝါပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ် ညနေပိုင်းမှာတော့ မြောက်ဦး လူငယ်များအစည်းအရုံးက ဆီးမီးထွန်း ဂါရဝပြုခဲ့ကြပါတယ်" ဟု ၎င်းက ပြောသည်။

ယနေ့ကျရောက်သည့် ဆရာကြီးနေ့တွင် အောက်မေ့ဖွယ်အထိမ်းအမှတ်အနေဖြင့် ဆရာကြီး၏ သားဖြစ်သူ ဦးကျော်ထွန်းအောင်၏ မိသားစုက မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် လူနာများအား ကြက်သားဆန်ပြုတ်နှင့် ကြက်ဥပြုတ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆရာကြီး၏ ချွေးမဖြစ်သူ ကွယ်လွန်သူ ဦးကျော်ထွန်းအောင်၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းက  "ကိုဗစ်ကြောင့် ဆရာမတို့က မြောက်ဦးမှာတော့ ဒီနှစ် အခမ်းအနားတွေ မလုပ်ဖြစ်ကြဘူး။ ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားကို မ်းခမ်းနားနားမလုပ်ရလို့ စိတ်တော့ မကောင်းပါဘူး။ ခမ်းခမ်းနားနား လုပ်လို့ရတဲ့ အချိန်ကျမှာ လုပ်တော့မယ်။ ကိုဗစ်ကာလဆိုတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာပေါ့ "ဟု နိရဉ္စရာသို့ ပြောသည်။

ရခိုင်တမျိုးသားလုံးက လေးစားကြည်ညိုသည့် ရခိုင်-မြန်မာပဏ္ဍိတ် ရာကြီးဦးသာထွန်းသည် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် အမည်တင်သွင်းခဲ့ပြီး အဆိုပါနှစ် မတ်လတွင် င်းပြားမြို့နယ် ပြားချောင်းကြီးရွာတွင် မဲဆွယ်တရားဟောပြောမှုမှာ အမျိုးသားတရား ဟောပြောသည်ဟု စွပ်စွဲပြီး န၀တ စစ်အစိုးရ အာဏာပိုင်များက  ဖမ်းဆီးကာ ထောင်(၃)နှစ် ချမှတ်ခံခဲ့ရသည်။

ထောင်ချခံရပြီး   ၅လအကြာမှ ၁၉၉၀ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင်  စစ်တွေ အကျဉ်းထောင်ထဲ၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီး အသက် (၇၃) နှစ်ဖြစ်သည်။

ဆရာကြီး စစ်တွေထောင်ထဲတွင် ကွယ်လွန်ခဲ့သည့်  သြဂုတ်လ ၁၄ ရက်နေ့ ကို ဆရာကြီး ဦးဦးသာထွန်းနေ့အဖြစ် သတ်မှတ်ပြီး ရခိုင်အမျိုးသားများက နှစ်စဉ် ုဏ်ပြုကျင်းပလာခဲ့ကြသည်။

ဆရာကြီးနေ့ကို နှစ်စဉ်နှစ်တိုင်း ဦးဆောင်ကျင်းပလာသည့်  သာဂီဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေး အဖွဲ့ကဥက္ကဋ္ဌ ဦးကျော်ဇံမောင်က " ဥပမာ ဆန်ပြဿနာနေ့ဆိုရင် နှစ်ပေါင်း (၅၄) နှစ်ရှိသွားပြီး၊ ဆရာကြီး ကွယ်လွန်တာလည်း ၃၁ နှစ်ရှိနေပြီ။ ဒီလိုနေ့ရက်တွေကို လက်လှမ်း မီသလောက် မျိုးဆက်သစ်တွေက မမေ့ရအောင် ဖော်ထုတ်ဖို့လိုအပ်ပါတယ်ဟု ပြောသည်။

(ဆရာကြီး၏ အထုပတ္တိ အကျဉ်း)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်နေ

မိဘများ ဖြစ်ကြသည့်  ဦးကောင်းစံနှင့် ဒေါ်အောင်ကြွဇံတို့မှာ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် သောကြာနေ့တွင် မွေးဖွားမြင်ခဲ့သည်။ ဆရာကြီးသည် တစ်ဦးတည်းသောသားဖြစ်ကာ ငယ်စဉ်အရွယ်က အဖိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင်ရာဇဝင်၊ ဆီးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများကို နုတ်တိုက်အာဂုံဆောင်နိုင်အောင် သင်ကြားပေးခဲ့သည်။

နဝမတန်းမှာ ပညာသင်ကြားနေချိန်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားသဖြင့် ကျောင်းထွက်ပြီး ရဟန်းပုဂ္ဂိုလ်များထံမှ သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နဲ့ အခြား လောကီ ပညာရပ်များကို သင်ကြားလေ့လာဆည်းပူးခဲ့သည်။

၁၉၅ဝခုနှစ်မှ ၁၉၅၅ခုနှစ်ထိမူလတန်းကျောင်းဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊၁၉၅၅ခုနှစ်မှ ၁၉ရရခုနှစ်ထိမြောက်ဦးမြို့ရှေးဟောင်းသုတေသနဌာနခွဲမှ ရခိုင်-မြန်မာပဏ္ဍိတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိမြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီး စုဆောင်းတည်ဆောက်ခဲ့သည့် ပြတိုက်ကြီးဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ခုနှစ် ထိ မြောက်ဦး မြို့ရှေးဟောင်းသုတေသနဌာနခြဲမွာ အကြံပေးပုဂ္ဂိုလ် အဖြစ်ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ဝေသာလီ မြို့ဟောင်းတူးဖော်ရေးလုပ်ငန်းကို၁၉၈ဝခုနှစ်မှ ၁၉၈၃ခုနှစ်ထိ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးအဖြစ်ထမ်းဆောင်ခဲ့ပြီး၊ကျောက်တော်မြို့မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင် အဖြစ် ပါဝင်ရန် မဲဆွယ်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်တွေထောင်ထဲတွင် ကွယ်လွန်သွားခဲ့သည်။

(ဓာတ်ပုံ-ယနေ့ ညနေပိုင်းမှာ မြောက်ဦးလူငယ်များအစည်းအရုံးက ဆရာကြီးအား ီးမီးထွန်း ဂါရဝပြုနေကြစဉ်

ဆက်စပ် သတင်းများ