ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တရုတ်ကွန်မြူနစ်ပါတီနှင့် အာရှမှနိုင်ငံရေးပါတီများပြုလုပ်သည့် အွင်လိုင်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ(ANP) တက်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁ဝ/ ၂ဝ၂၁

 

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှမှ  နိုင်ငံရေးပါတီ (၁ဝဝ )ကျော်တို့ ပြုလုပ်သည့် အွင်လိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရေးပါတီသုံးခုနှင့်အတူ  ရခိုင်အမျိုးသားပါတီ( ANP) လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

၎င်းအွန်လိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က  နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနဲ့ ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့  ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။  

 

မြန်မာနိုင်ငံ နိုင်ငံရေးပါတီများအထဲက ရခိုင်အမျိုးသားပါတီနှင့် အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)မှ ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက်ခဲ့သည်ဟု ရခိုင်မျိုးသားပါတီ (ANP) မှကိုယ်စားပြု တက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ဦးခိုင်ကျော်မိုးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 

တက်ရောက်တဲ့လူတွေက အများသောအားဖြင့် နားထောင်ပေးရတာပေါ့။သူတို့က အကြောင်းအရာ (၃)ခုဆွေးနွေးတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ Highlight လုပ်ပြီးပြောသွားတာမရှိဘူး။ အထူးသဖြင့်တော့ ပါတီတွင်းပူးပေါင်းဆောင်ရွက်ရေးနဲ့ လူငယ်ရေးရာကိစ္စကို ဦးစားပေးပြောသွားတာ ဖြစ်ပါတယ်ဟုပြောသည်။

 

၄င်းအစည်းအဝေးတွင် အဓိကအချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြပြီး  ယင်းအချက်များမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနဲ့ ပတ်သက်၍ တရုတ်လုပ်ဆောင်ချက်များ၊ ဒေသတွင်းပါတီအချင်းချင်းကြားတွင် ပူးပေါင်းဆောင်ရွက်မှုရှိစေရန်နှင့် လူငယ်ရေးရာကိစ္စတို့အား ဆွေးနွေးခဲ့ကြောင်းသူကဆက်ပြောသည်။

 

ရခိုင်အမျိုးသားပါတီအနေဖြင့် တရုတ်ဖြင့် နိုင်ငံရေးသံတမန်ဆက်ဆံရေးအရင်ကတည်းက ကောင်းမွန်သဖြင့် တစ်နိုင်ငံလုံးမှ (၄) ပါတီဖိတ်ကြားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

 

ကျွန်တော်တို့ ANP ပါတီက တရုတ်နဲ့ နိုင်ငံတကာသံရုံးတို့ တခြားသံရုံးတို့ဘာတို့နဲ့ ဆက်ဆံရေး ကောင်းတယ်။ အာဏာမသိမ်းခင်တည်းက ရှိခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း တရုတ်ခရီးစဉ်တွေသွားဖူးပါတယ် ပါတီကိုယ်စားပြုပေါ့။ တရုတ်နဲ့ ကျွန်တော်တို့ ဆက်ဆံရေး ကောင်းတဲ့အတွက် တန်ဖိုးထားပြီး သူတို့အနေနဲ့ဖိတ်တယ်လို့ ကျွန်တော်မြင်တယ်ဟုဆက်ပြောသည်။

 

ရခိုင်အမျိုးသားပါတီသည်  ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင်  ရခိုင်ပြည်နယ်၌ အမတ်အရေအတွက် အများဆုံးအနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်ပြီး လက်ရှိ နစက ကောင်စီတွင် ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်ပါဝင်နေမှုကြောင့် ပါတီတွင်း သဘောထားကွဲလွဲမှုများလည်း  ပေါ်ပေါက်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ