ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေထောင်မှ အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူ ၇ ဦးလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.4k

ဇော်ဝင်းအောင်၊ ချစ်အိလှိုင်
စစ်တွေ၊ အောက်တိုဘာ ၁၆ / ၂ဝ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်တွင် အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူ ၇ ဦး ယနေ့နံနက်က လွတ်မြောက်လာခဲ့သည်။
လွတ်မြောက်လာသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေါ်မသန်းတင် (၄၆ နှစ်)၊ ကိုကိုဇော် (၂ဝ နှစ်)၊ ကိုကျော်မင်းဌေး (၂၂ နှစ်)၊ ဦးရဲကျော်ထွန်း (၅ဝ နှစ်)၊ စစ်တွေမြို့နယ် သိန်းတန်ကျေးရွာမှ ဦးဝင်းဌေး (၄၄ နှစ်)နှင့် ဦးကျော်မောင် (၄၄ နှစ်)၊ စစ်တွေမြို့နယ် တောကန်ကျေးရွာမှ ဦးသန်းကျော်လှိုင် (၃၇ နှစ်)တို့ဖြစ်ကြသည်။
၎င်းတို့သည် အကြမ်းဖက်မှုပုဒ်မ ၅ဝ (ည)ဖြင့် တရားစွဲခံနေရသူတို့ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၆ ရက် နံနက် ၈ နာရီတွင် လွတ်မြောက်လာကြခြင်းဖြစ်သည်။
စစ်တွေထောင်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူ ၄၃ ဦးရှိသည့်အနက် နောက်ထပ် ၃၆ ဦးကျန်နေသေးသည်ဟု လွတ်မြောက်လာသူများက ပြောသည်။

ဆက်စပ် သတင်းများ