ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်ပြီး အမှုပိတ်သိမ်းခံရသူ ၃ ဦး ကျောက်ဖြူထောင်မှ ထပ်မံလွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး အမှုပိတ်သိမ်းခံရသူ ၃ ဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ ယမန်နေ့က ထပ်မံလွတ်မြောက်လာသည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၂ နာရီက ထပ်မံလွတ်မြောက်လာသူများမှာ အမ်းမြို့နယ်မှ ၁ ဦး၊ ကျောက်တော်မြို့နယ်မှ ၁ ဦးနှင့် မြေပုံမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးထိန်လင်းက နိရဥ္စရာသို့ပြောသည်။
“မနေ့က ၃ ယောက်လွတ်လာတာ ဟုတ်တယ်။ နာမည်အတိအကျတော့ မသိသေးဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ကိုရှေးရှု၍ဟုဆိုကာ AA နှင့် ဆက်စပ်သူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သူ ၁၁၄ ဦး၏အမှုအား နစကကောင်စီက ပိတ်သိမ်းပေးခဲ့သည်။
ယင်းနောက် ရခိုင်ပြည်ရှိ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေမြို့များရှိအကျဉ်းထောင်အသီးသီးနှင့် မြောက်ဦးရဲစခန်းအချုပ်ခန်းတို့မှ အောက်တိုဘာ ၁၅ ရက်ညနေပိုင်းမှစတင်ကာ အောက်တိုဘာ ၂၁ ရက်အထိ ၅၈ ဦးလွတ်မြောက်သွားပြီဖြစ်သည်။
ယခုလွတ်မြောက်လာခဲ့သူ ၅၈ ဦးသည် အကြမ်းဖက်မှုပုဒ်မ ၅၀(က) (စျ) (ည) နှင့် ၅၂ (က)တို့ဖြင့် တရားစွဲခံနေခဲ့ရသူများဖြစ်သည်။

ဆက်စပ် သတင်းများ