ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်တပ်မိသားစုဝင်များ ဦးဆောင်၍ စစ်တပ်ထောက်ခံပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နံနက်က စစ်တပ်မိသားစုဝင်များဦးဆောင်၍ စစ်တပ်ထောက်ခံပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ခံပွဲကို ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၇ နာရီခန့်တွင် စစ်တွေလေယာဉ်ကွင်းလမ်းမှ ဝေသာလီအားကစားကွင်းအထိ လမ်းလျှောက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းပွဲတွင် လူဦးရေအင်အား ၁ ထောင်ခန့်ပါဝင်ခဲ့သည်ဟုလည်း ဦးဆောင်သူများက ပြောသည်။
စစ်တပ်အားထောက်ခံကြောင်း ရေးသားထားသည့်အချက်အပါအဝင် အချက် ၁ဝ ကျော်ကို ဆိုင်းဘိုးများဖြင့်ကိုင်ဆောင်ကာ လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ကျောက်ဖြူ၊ ဂွ၊ အမ်း၊ ငပလီ၊ တောင်ကုတ် မြို့နယ်တို့တွင်လည်း စစ်တပ်မိသားစုဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝန်းရံသူများက စစ်တပ်ထောက်ခံပွဲများကို ပြုလုပ်ခဲ့ကြသည်။

ဆက်စပ် သတင်းများ