သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ညမထွက်ရအမိန့်ကို အခွင့်ကောင်းယူ၍ ကျွဲနွားများကို ခိုးယူပြီး တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မှု ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ညမထွက်ရ အမိန့်ကို အခွင့်ကောင်းယူ၍ ကျွဲနွားများကို ခိုးယူကာ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့နေကြသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ကျွဲ ၁၃ ကောင် ခိုးယူခံခဲ့ရသည်ဟု ကျွဲပိုင်ရှင် ဦးသန်းအေးမောင် ကပြောသည်။

၎င်းအပြင်  ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ၎င်းရွာမှပင် ကျွဲ၊ နွား ၁၄ ကောင် အခိုးခံလိုက်ရပြီး (၁၅) ရက်အတွင်း ကုလားချောင်းကျေးရွာ လယ်သမား ၁ဝ ဦးထံမှ ကျွဲနွား ၂၇ ကောင် အခိုးခံခဲ့ရသည်ဟု ဆိုသည်။

“ကျနော်တို့ ကုလားချောင်းကျေးရွာတစ်ခုတည်းက ဒီရက်ပိုင်းတွေ အတွင်း ကျွဲ နွား ၂၇ ကောင် ပျောက်သွားပြီ။ ညမထွက်ရဆိုတော့ ဘယ်သူမှ ကျွဲနွားတွေကို စောင့်အိပ်လို့မရဘူးလေ။ ဒါကို အခွင့်ကောင်းယူပြီး ရွာအနီးထိ လာခိုးနေကြတာ ဖြစ်ပါတယ်။  အခု ကျနော်တို့ရွာမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ၁၄ ကောင်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ၁၃ ကောင်ပျောက်သွားတယ်။  ကျနော်တို့ တောင်သူ လယ်သမားတွေဟာ ကျွဲနွားတွေကိုအားကိုပြီး လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင် နေရတာ။ အဲဒီ နွားတွေပျောက်သွားတော့ ကျနော်တို့အနေနဲ့ အများကြီးနစ်နာပါတယ်” ဟု ကျွဲပိုင်ရှင် ဦးသန်းအေးမောင်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

ကျွဲနွားများ ပျောက်ဆုံးနေမှုအား  ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများကို တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ ဝင်ရောက် တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု ဆိုသည်။

လွန်ခဲ့သည့်လ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သဲတက်ကျေးရွာနှင့် လက်မဆိပ်ကျေးရွာမှ ရွာသားပိုင် ကျွဲ၊ နွား ကောင်ရေ ၃ဝ ခန့် တစ်ညဉ့်တည်းတွင် ခိုးယူ ခံခဲ့ရသည်ဟု သဲတက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ သဲတက်၊ လက်မဆိပ်၊ ကုလားချောင်း၊ တန်းခိုးကျေးရွာ၊ စပါးထားကျေးရွာ၊ ကြံခင်းကျေးရွာ အပါအဝင် တခြား ကျေးရွာများတွင် ယခုနှစ်အတွင်း အခိုးခံလိုက်ရသည့် ကျွဲ၊ နွား စုစုပေါင်း (၁ဝဝ) နီပါးရှိပြီဖြစ်ကြောင်းသိရသည်။

၎င်းခိုးကျွဲနွားများကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ တက်ကနက်မြို့နယ်  ဆင်မဖြူကျွန်း (Shah Porir Dwip) ၊ အုန်းကျွန်းတို့မှ တစ်ဆင့် သူခိုးစျေးနှုန်းဖြင့် တင်ပို့ရောင်းချနေကြသည်ဟု ဒေသအတွင်းမှ လာသော သတင်းများအရ သိရသည်။


(Photo by Dhaka Tribune)

----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၇/၂ဝ၂ဝ









ဆက်စပ် သတင်းများ