အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

အမ်းတွင် လူငယ်တစ်ဦး ဓားဖြင့်အခုတ်ခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 159


ချစ်အိလှိုင်
နိိရဥ္စရာ၊ သြဂုတ် ၁၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိ လိပ်ကုန်းကျေးရွာမှ လူငယ်တစ်ဦးသည် ဓားဖြင့်အခုတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ လိပ်ကုန်ကျေးရွာနေ ကိုခင်မောင်လေး(၂ဝ)နှစ် (ချင်းလူမျိုး)ဖြစ်သည်။
သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လိပ်ကုန်းကျေးရွာအနီး ပျဉ်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းသို့ ကိုခင်မောင်လေး၏ဆိတ် ဝင်ရောက်သွားသည့်အတွက် သွားရောက်တောင်းပန်ရန်သွားစဉ် ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသ(သက်တော်- ၅ဝ၊ ဝါတော် ၁ဝ)က ဆိတ်နှင့်လူကိုပါ ဓားဖြင့်ခုတ်လိုက်သည့်အတွက် သေဆုံးသွားခြင်းဖြစ်သည်ဟု အမ်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။
“သူ့ဆိတ်တွေက ဘုန်းကြီးကျောင်းက ငှက်ပျောပင်နဲ့ စားပင်၊ သီးပင်တွေကိုဝင်စားတဲ့အတွက် တောင်းပန်ဖို့သွားတဲ့အချိန်မှာ စကားများကြတာပါ။ ဆရာတော်က အသင့်ကိုင်လာတဲ့ ဓားမနဲ့ခုတ်လိုက်တာ။ နေရာတွင်ပွဲချင်းပြီးသေတာပါ။ လည်ပင်းကတော့ ပြတ်ချင်ချင်ဖြစ်သွားတာပေါ့။ အခုဆရာတော်ကို သိက္ခာတော်ချပြီး ဖမ်းဆီးထားပါပြီ” ဟုပြောသည်။
သေဆုံးသူတွင် လည်ပင်း ဝဲဘက် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပေါင်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဓားဖြင့်ခုတ်သူ ဆရာတော်အား ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ (လူသတ်မှုဖြင့်) အမ်းမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ