အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သစ်မှောင်ခိုတင်ပို့သည့် စက်လှေတစ်စီးကို လူ ၆ ဦးနှင့် အတူ မေယုမီးပြအနီးဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.5k

အေးမြတ်ခိုင်

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၁

ရခိုင်ပြည်နယ်အနောက်ဘက် မေယုကျွန်းအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သစ်မှောင်ခိုတင်သွင်းမယ့် စက်လှေတစ်စင်းအားဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါစက်လှေကို ယမန်နေ့ သြဂုတ်လ (၁၇)ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်အနောက်ဘက် ပင်လယ်ပြင်အတွင်း မေယုကျွန်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ရောင်းချမည့် အခြားသားသစ် ၁၄ တန်ခန့်နှင့်အတူ ရေတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စက်လှေနှင့်အတူ ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူခရိုင် အတွင်းက မောင်ဝင်းဌေး(၂၂)နှစ်၊ ဦးသက်ထွန်း(၄၃)နှစ်၊ ဦးကိုကိုလွင် (၃၂)နှစ်၊ ဦးပေါ်ဆန်းလွင်(၄၀)နှစ်၊ ဦးမင်းကိုနိုင်(၃၁)နှစ်၊ သန်းထွန်းအေး(၂၂)နှစ်တို့ကိုပါဖမ်းမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရအရေး ယူနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ သြဂုတ်လအထိ တရားမဝင်သစ်တန်ချိန်ပေါင်း (၅၀၀၀)ကျော်အထိဖမ်းဆီးရမိခဲ့သည်ဟု စစ်တွေမြို့နယ်သစ်တောဦးစီးဌာနမှ အမည်ဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောသည်။

ဒီအထဲမှာမှ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မောင်တောမြို့နယ်တွေကတော့ အများဆုံးပဲ။ ကျန်နေရာတွေကတော့ ပုံမှန်ပါပဲ။ဟု ပြောသည်။

ဆက်စပ် သတင်းများ