အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ကျောက်တော်အပေါက်ဝရွာတွင် ရွှေထည်ပစ္စည်း အများအပြား အခိုးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

သ ဉ္ဇာနွယ်
စစ်တွေ၊ သြဂုတ် ၂၃ / ၂ဝ၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ရွှေထည်ပစ္စည်း အများအပြား အခိုးခံလိုက်ရသည်ဟု သတင်းရရှိသည်။
အခိုးခံလိုက်ရသည့်နေအိမ်မှာ အပေါက်ဝကျေးရွာ ရန်တားရပ်ကွက်ရှိ ဦးဘသိန်းမောင်နှင့် ဒေါ်မေယဉ်တို့၏ အိမ်ဖြစ်သည်။
အဆိုပါအိမ်တွင် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညဥ့် ၂ နာရီခန့်က အခေါက်ရွှေ ၉ ကျပ်ခန့်နှင့် ပလက်တီနမ် ၂ ကျပ်တို့ အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင် ဦးဘသိန်းမောင်က နိရဥ္စရာကိုပြောသည်။
“ခိုးသွားတာကတော့ ညဉ့် ၂ နာရီလောက်ကဖြစ်နိုင်တယ်။ ကျနော်တို့သိတာက ညဉ့် ၃ နာရီလောက်မှာ သမီးက ပြောလို့ သိတယ်။ သမီးအိပ်ရာနားက ရွှေကို ပထမဆုံးယူတယ်။ ပြီးတော့ အိမ်ထဲခန်းကရွှေကိုယူတယ်။ စုစုပေါင်း ပစ္စည်းတန်ဖိုး ကာလပေါက်စျေးအရတော့ ကျပ်သိန်း ၁၉ဝ လောက်ရှိနိုင်တယ်။”ဟု ပြောသည်။
ရန်တားရပ်ကွက်သားတစ်ဦးဖြစ်သူ ဦးဦးဝင်းလှိုင်ကလည်း ယခုကဲ့သို့ အခိုးခံလိုက်ရသည်မှာ မှန်ကန်သည်ဟု ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သံသယဖြစ်မည့်သူလည်း မရှိသလို မည်သူ့ကိုမျှမစွပ်စွဲလို၍ သက်ဆိုင်ရာသို့ တိုင်ကြားထားမှုလည်း မရှိဟု ဦးဘသိန်းမောင်ကဆိုသည်။
"အခုလို ဆုံးရှုံးလိုက်ရတော့ စိတ်မကောင်းတော့ ဖြစ်မိတာပေါ့။"ဟု ပြောသည်။
ဦးဘသိန်းမောင်တို့မိသားစုသည် သစ်/ဝါး ရောင်းဝယ်ရေးလုပ်ကိုင်ကြသည်ဟု သိရသည်။
Photos - Kyaw Hla Mrint

ဆက်စပ် သတင်းများ