တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ငါးဖမ်းသမားတစ်ဦး စက်လှေပေါ်မှပြုတ်ကျသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

သ ဉ္ဇာနွယ်
နိရ ဉ္စရာ၊ ဒီဇင်ဘာ ၂၁ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ ကယ်ဆယ်ရေးတံတားအောက်တွင် ငါးဖမ်းသမားတစ်ဦး စက်လှေပေါ်မှပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးစိန်ဝင်းဖြစ်သည်။
သူသည် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခန့်က စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ ကယ်ဆယ်ရေးတံတားနှင့် ကိုက် ၁၀၀ အကွာ ဆတ်ရိုးကျချောင်းအတွင်း စက်လှေပေါ်မှ ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ပြီး အလောင်းအား နာရီဝက်ခန့်အကြာတွင်တွေ့ရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့် ဆတ်ရိုးကျအုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းက နိရဥ္စရာကိုပြောသည်။
“သူက ကိုယ့်စက်လှေကို သွားတာ။ တစ်ဖက်စက်လှေကနေ သူ့စက်လှေကို ကျော်တက်တာ။ အဲ့မှာပြုတ်ကျသွားတာ။ သူက နည်းနည်းမူးနေတယ်” ဟုပြောသည်။
သေဆုံးသွားသူသည် ရေလုပ်သား ၄ ဦးနှင့်အတူ သံတွဲမြို့မှ စစ်တွေသို့ ငါးဖမ်းစက်လှေဖြင့် ရောက်ရှိနေခြင်းဖြစ်သည်ဟု ဦးလှမောင်သန်းက ပြောသည်။
လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကို စစ်တွေဆေးရုံသို့ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ