တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မောင်တောတွင် ရေနစ်ပျောက်ဆုံးနေသော ကျောင်းဆရာအလောင်းကို ပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ရေနစ်ပျောက်ဆုံးနေသော ကျောင်းဆရာ၏အလောင်းအား ယနေ့နံနက်တွင် ပြန်တွေ့ပြီဟု သိရသည်။
အဆိုပါအလောင်းအား ယနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်အပိုင် မြင်းလွှတ်နှင့်ကျောက်ပန်းဒူရွာကြားရှိ ဂြင်းတောတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့နယ်ကရုဏာကွန်ရက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က နိရဥ္စရာကို ပြောသည်။
“ဒဏ်ရာ ဒဏ်ချက်တွေတော့ မရှိဘူး။ မျက်နှာမှာ ခြစ်ရာတွေတော့ တွေ့တယ်”ဟု ပြောသည်။
သေဆုံးသွားသူမှာ မောင်တောမြို့နယ်တောင်ပိုင်း၊ ကျောက်ပန်းဒူကျေးရွာမှ ဦးမောင်ဆန်း (၃၃ နှစ်)ဖြစ်ပြီး မောင်တောမြို့နယ်၊ အလယ်သံကျော်အထကတွင် တာဝန်ကျနေသော ကျောင်းဆရာတစ်ဦးဖြစ်သည်။
သူသည် သူငယ်ချင်း ၈ ဦးနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်က လှေတစ်စီးဖြင့် ငါးသွားဖမ်းရာမှ လှေတိမ်းမှောက်ကာ ရေထဲပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူနှင့်ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း ယခုကဲ့သို့ အဖြစ်ဆိုးဖြစ်သွားခြင်းကြောင့် လွန်စွာ စိတ်မကောင်းဖြစ်နေသည်ဟု ပြောသည်။
“စိတ်မကောင်းဘူး။ သားလေး နှစ်ယောက်ကျန်ခဲ့တယ်”ဟုပြောသည်။
လက်ရှိတွင် သေဆုံးသူအလောင်းအား မောင်တောဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
------------------------------

ဆက်စပ် သတင်းများ