စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်ချောင်းဝအနီးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဇန်နဝါရီ ၃၀/၂၀၂၃

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်ကျေးရွာ ချောင်းဝအနီးတွင် ယနေ့နံနက် ၇ နာရီခွဲခန့်က အမျိုးသားအလောင်းတစ်လောင်းမျောပါလာသည်ကို တွေ့ရှိရကြောင်းသိရသည်။

 

အဆိုပါရေထဲတွင် မျောပါလာသည့်အမျိုးသားအလောင်းသည် မည်သူမည်ဝါမှန်းမသိရှိရသေးဘဲ ယင်းအမျိုးသားအလောင်းတွင် ရခိုင်အမျိုးသားပါတီမှ သံတွဲမြို့နယ်မှ "ဦးမြင့်ဇော်ကို မဲပေးကြပါစို့" စာတန်းပါဝင်သည့် အင်္ကျီကိုဝတ်ဆင်ထားကြောင်း အလောင်းအား သွားရောက်ဆယ်ယူခဲ့သည့် ကိုအောင်မင်းစိုးက နိရဉ္စရာသို့ပြောသည်။

 

"ဒီအနီးအနားပတ်ဝန်းကျင်တွေမှာလည်း စုံစမ်းနေတယ်။ ပြောကြတာကလည်းမသိဘူးဖြစ်နေတယ်။ အင်္ကျီကိုကြည့်တော့ သံတွဲဘက်ကဖြစ်နေတယ်။ အလောင်းကတော့ သိပ်မကြာသေးဘူး။ တစ်ရက်နဲ့တစ်မွန်းတည့်လောက်ပဲရှိအုံးမယ်ထင်တယ်။ မျက်နှာကတော့ ပျက်သွားလို့မှန်းမရတော့ဘူး။ ကျနော်တို့ခန့်မှန်းတာက ခရီးသွားလှေတွေက ပြုတ်ကျကျန်ခဲ့တာများဖြစ်နိုင်မလားပေါ့။ ဒီအနီးအနားဝန်းကျင်ကဆိုရင်တော့ အခုချိန်ဆိုသတင်းရပြီ။ ဘယ်သူဘယဝါပျောက်နေတယ်ပေါ့။ ကျနော်တို့ကခန့်မှန်းကြည့်တာ အတိအကျမသိရသေးဘူး" ဟုပြောသည်။

 

လက်ရှိတွင် အဆိုပါအလောင်းကို အောက်ကျောင်းတောင်ကျေးရွာမှ မော်ကျွန်းတွင် ထားရှိထားပြီး မိသားစုဝင်များ ဆက်သွယ်လာမည်ကို စောင့်ကြည့်နေသေးကြောင်း သိရသည်။

 

အဆိုပါအလောင်း၏မိသားစုဝင်များ တစုံတရာဆက်သွယ်လာခြင်းမရှိပါက မြေနေရာတစ်ခုတွင် ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးသွားမည်ဟု သွားရောက်ဆယ်ယူထားသည့် ကိုအောင်မင်းစိုးကပြောသည်။

 

Photo- Aung Min Soe facebook

 

(NN-8)

ဆက်စပ် သတင်းများ