သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကော့စ်ဘဇား ဒုက္ခသည်စခန်းတွင် ကိုရိုနာကြောင့် နောက်ထပ် နှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ၊ ဇွန် ၁၁/ ၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ မြန်နိုင်ငံမှ ထွက်ပြေးခိုလှုံနေသည့် မူဆလင် ဒုက္ခသည်စခန်းတွင် နောက်ထပ် နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇွန်လ ၆ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု Ukhiyanews တွင် သတင်းဖော်ပြသည်။

သေဆုံးသူနှစ်ဦးစလုံးမှာ အမျိုးသားများဖြစ်ကြပြီး တစ်ဦးမှာ စခန်းအမှတ် (၁ဝ) တွင်နေထိုင်သည့် အသက် (၆၅) နှစ် အရွယ်ရှိသူ တစ်ဦးဖြစ်ကာ နောက်တစ်ဦးမှာ စခန်းအမှတ် (၆) မှ အသက် ၆ဝ နှစ်အရွယ်ရှိသူ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ 

ယခုလက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီဟု သိရသည်။ 

လက်ရှိ အချိန်ထိ စခန်းထဲတွင် ရောဂါ ကူးစက်နေသူ ၃၅ ဦးရှိပြီး ၃ ဦးသေ၊ ၂ ဦးပြန်သက်သာလာကာ ၃ဝ ဦးမှာ ဆေးကုသနေရသည်ဟု သတင်းတွင်ဖော်ပြထားသည်။ 

ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ထိ ရောဂါကူးစက်ခံနေရသူ ၇၄၈၆၅ ဦးရှိပြီး သေဆုံးသူမှာ ၁ဝ၁၂ ဦးနှင့် ပြန်ကောင်းလာသူမှာ ၁၅၈၉၉ ဦးရှိကြောင်း The Daily Star တွင် သတင်းဖော်ပြသည်။ 

Source: Two more Rohingyas died in the camp in Corona/ photo by MSF


ဆက်စပ် သတင်းများ