အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ဒုတိယကမ္ဘာစစ် ဗြိတိသျှစစ်သင်္ဘောပျက်မှပစ္စည်းဟောင်းများကို တရားမဝင်ရှာဖွေရယူခဲ့သည့် တရုတ်ကုန်သင်္ဘောတစ်စီးအား မလေးရှား ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 675

မလေးရှားရေကြောင်းအာဏာပိုင်များသည် မလေးရှားရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ရပ်နားထားသည့် တရုတ်ကုန်တင်သင်္ဘောတစ်စီးအား တနင်္လာနေ့က ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

အဆိုပါကုန်တင်သင်္ဘောပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားသည့် ဗြိတိသျှစစ်သင်္ဘောမှ ပစ္စည်းများဟု ယူဆရသည့် အမြောက်ကျည်ဆံခွံအများအပြားကို တွေ့ရှိခဲ့သည်။

 

ဒုတိယကမ္ဘာစစ်အတွင်း မလေးရှားကမ်းလွန်ပင်လယ်ပြင်တွင် ဂျပန်တို့၏ တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခံခဲ့ရသော ဗြိတိသျှရေတပ် HMS prince of Wale နှင့် HMS Repulse သင်္ဘောဟောင်း နှစ်စီးကို ပစ္စည်းဟောင်းရှာဖွေသူများက ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

 

သင်္ဘောပျက်နှစ်စီးအား တရားမဝင် ရှာဖွေမှုနှင့်ပတ်သက်၍ ဗြိတိန် တော်ဝင်ရေတပ် အမျိုးသားပြတိုက်က ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ကိုယ်ကျိုးအတွက် ဖျက်ဆီးမှု ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများသည် တနင်္ဂနွေနေ့က မလေးရှားတောင်ပိုင်း ဂျိုဟိုးကမ်းလွန်တွင် ကျောက်ချရပ်နားထားသည့် တရုတ်ပြည် ဖူကျို့တွင်မှတ်ပုံတင်ထားသော ကုန်သင်္ဘောပေါ် တက်ရောက်စစ်ဆေးခဲ့ရာ ကျောက်ချရပ်နားခွင့်လက်မှတ် တင်ပြနိုင်ခြင်း မရှိခဲ့ဟု သိရသည်။

 

သင်္ဘောပေါ်တွင် သင်္ဘောသား ၃၂ ဦး လိုက်ပါလာသည်။

 

သင်္ဘောပေါ် တက်ရောက်စစ်ဆေးစဉ် ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားသည့် ဗြိတိသျှစစ်သင်္ဘောဟောင်းနှစ်စီးမှဟု ယူဆရသည့် အမြောက်ကျည်ဆံခွံများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

NN-27

Ref: Reuters.



ဆက်စပ် သတင်းများ