တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၂၆၀၀၀၀ ကျော် နေအိမ်များကို စွန့်ခွါထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 742

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က ကုန်ကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ၍ ဂါဇာရှိ ပါလက်စတိုင်း ပြည်သူ ၂၆၀၀၀၀ ကျော်မှာ မိမိတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

 

စနေနေ့က ဟားမတ်စ်တို့ အစ္စရေးအား အလစ်အငိုက် ဝင်တိုက်ချိန်မှစ၍ အပြင်းအထန်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်သေဆုံးမှု တစ်ထောင်ကျော်သွားပြီဖြစ်သည်။

 

ဂါဇာတွင် လူပေါင်း ၂၆၃၉၃၄ ကျော် နေအိမ်များကို စွန့်ခွါ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ရုံးက ထုတ်ပြန်ကြေညာခဲ့ပြီး ထပ်မံတိုးပွါးလာနိုင်သည်ဟု ပြောကြားခဲ့သည်။


အစ္စရေးနိုင်ငံ၏ ၇၅ နှစ်ကြာ သမိုင်းတွင် အဆိုးရွားဆုံးတိုက်ခိုက်မှုအဖြစ် အင်္ဂါနေ့က အစ္စရေးဘက်ခြမ်းတွင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဗုံးကြဲမှုကြောင့်ဂါဇာတွင် လူ ၉၀၀ သေဆုံးခဲ့သ သည်ဟု သိရးသည်။

 

အစ္စရေးဗုံးကြဲမှုကြောင့် နေအိမ်တိုက်ခန်း ၁၀၀၀ ကျော် ထိမှန်ခဲ့ပြီး ၄င်းတို့အနက် ၅၆၀ မှာ လုံးဝ ပျက်စီးသွားခဲ့သည်။ နေအိမ်စွန့်ခွါ ထွက်ပြေး ကြသူများအနက် ၁၇၅၅၀၀ မှာ ကုလသမဂ္ဂက ဖွင့်လှစ်ပေးထားသည့် စာသင်ကျောင်း (၈၈)ကျောင်းတွင် ခိုလှုံနေရသည်။

 

လူပေါင်း ၁၄၅၀၀ မှာ အစိုးရက ဖွင့်လှစ်ထားသည့် ကျောင်း ၁၂ ကျောင်းတွင် ခိုလှုံနေရပြီး ၇၄၀၀၀ မှာ နီးစပ်ရာ ဆွေမျိုးများ နှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေရသည်။

 

ဂါဇာတွင် ယခုတစ်ကြိမ် နေရပ်စွန့်ခွါထွက်ပြေးရသူဦးရေမှ ၂၀၁၄ ခုနှစ် ရက် ၅၀ကြာ တင်းမာမှုဖြစ်ခဲ့စဉ်ကထက် ပိုမိုများပြားပြီး အရေအတွက်အများဆုံးဖြစ်သည်။

 

 “ နေရပ်စွန့်ခွါခြင်းမရှိသူတို့အတွက် အခြေခံလိုအပ်ချက်တွေ စိန်ခေါ်မှုတွေ ရှိနေပါတယ်” ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးက ပြောကြားသည်။

 

အစ္စရေးတို့သည် ဂါဇာကမ်းမြောင်ဒေသအား အလုံးစုံထိန်းချုပ်ရေး ရည်မှန်းချက်ဖြင့် အစားအစာ၊ ရေ၊ လောင်စာဆီ နှင့် လျှပ်စစ်ဓါတ်အားတို့ကို ဖြတ်တောက်ထားသည်။

NN-27

 ref: Dhaka tribune

ဆက်စပ် သတင်းများ