တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ရိုက်တာသတင်းထောက်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 633

(အေအက်ဖ်ပီ နှင့် အခြားသတင်းထောက် ခြောက်ဦးဒဏ်ရာရရှိ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း၊ အစ္စရေးနယ်စပ်အနီးတွင် သတင်းရယူနေသော ရိုက်တာသတင်းဌာနမှ သတင်းထောက်တစ်ဦး သောကြာနေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

ပစ်ခတ်မှုအတွင်း အေအက်ဖ်ပီ၊ အယ်လ်ဂျာဇီယား နှင့် ရိုက်တာသတင်းဌာနမှ အခြားသတင်းထောက် ၆ ဦးလည်း ဒဏ်ရာရသွားခဲ့သည်။

သတင်းဌာနအသီးသီးမှ သတင်းထောက်တစ်စုသည် အစ္စရေးနယ်စပ် နှင့် ကပ်နေသော အယ်လ်မာ အယ်ရှာအက် ကျေးရွာအနီး ရောက်ရှိနေစဉ် နယ်စပ်တစ်ဖက် နှင့် တစ်ဖက် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရ အေအက်ဖ်ပီသတင်းထောက်က ပြောကြားခဲ့သည်

လက်ဘနွန်နယ်မြေဘက်မှ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ အစ္စရေးနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းရာမှ အစ္စရေးတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လက်ဘနွန်လုံခြုံရေးအဖွဲ့က ဆိုသည်။

“ ကျွန်တော်တို့ရဲ့ ဗီဒီယိုသတင်းထောက် အီဆန်အဗ္ဗဒယ်လာ သေဆုံးသွားတဲ့အတွက် အင်မတန် စိတ်ထိခိုက်ရပါတယ်။ သူဟာ လက်ဘနွန်တောင်ပိုင်းက ကျွန်တော်တို့ အဖွဲ့ဝင်တစ်ဦးပါ” ဟု ရိုက်တာသတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဒေသတွင် အလုပ်လုပ်နေသော အေအက်ဖ်ပီသတင်း​ထောက်တစ်ဦး နှင့် ဗီဒီယိုဂျာနယ်လစ်တစ်ဦးတို့ လည်း ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး ကုသရန် တိုင်ယာ ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။

အခြားသော ရိုက်တာသတင်းထောက် နှစ်ယောက်လည်း ဒဏ်ရာရရှိခဲ့သည်ဟု ရိုက်တာကဆိုသည်။

အယ်လ်ဂျာဇီးယား သတင်းဌာနကလည်း ၄င်းတို့သတင်းထောက်နှစ်ဦး ဒဏ်ရာရရှိခဲသည်ဟု ပြောကြားပြီး မော်တော်ယာဉ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အစ္စရေးကို ဝေဖန်ပြစ်တင်သွားသည်။

“ သတင်းထောက်တွေဖြစ်ကြောင်း သိသာထင်ရှားနေပါရက်နဲ့ သတင်းရယူနေချိန်မှာ ခုလို တိုက်ခိုက်ခံရတဲ့အတွက် ကျွန်တော်တို့ အထူးစိုးရိမ်မိပါတယ်။ သေဆုံးသွားတဲ့ သတင်းထောက် အီဆန် ကိုယ်စား ရိုက်တာသတင်းဌာနက မိတ်ဆွေတွေကို ဝမ်းနည်းကြောင်း ပြောလိုပါတယ်” ဟု အေအက်ပီ သတင်းဌာန၏ ကမ္ဘာ့သတင်း ညွှန်ကြားရေးမှူး ဖီးလ် ချက်ဝင်းက ပြောကြားခဲ့သည်။NN-27

Ref:Dhaka tribune


ပုံစာ- သတင်းထောက်များ လိုက်ပါလာသည့်ကား ပစ်ခတ်ခံရပြီး မီးလောင်ပေါက်ကွဲနေစဉ်။ မီးလောင်ပေါက်ကွဲမှုကြောင့် ရိုက်တာသတင်းထောက် တစ်ဦး သေဆုံးပြီး အခြားသတင်းဌာနများမှ သတင်းထောက် ခြောက်ဦဒဏ်ရာရရှိခဲ့သည်။

ဆက်စပ် သတင်းများ