စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန် ယခုလနောက်ဆုံးအပတ် တရုတ်နိုင်ငံသို့သွားရောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 380

(ခရီးစဥ်အတွင်းမြန်မာ့အရေး တရုတ်နှင့်ဆွေးနွေးသွားရန်ရှိ)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၁/ ၂၀၂၄

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် တရုတ်နိုင်ငံသို့ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာ၀န်ရှိသူကယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင်ပြောကြားလိုက်သည်။

 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ တရုတ်နိုင်ငံ ကို ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ သွားရောက်မယ် ဆိုတာ အသိပေးပြောကြားလိုပါတယ်။ သူဟာ ရှန်ဟိုင်းနဲ့ဘေဂျင်းမှာရှိတဲ့ တရုတ်ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်များနဲ့တွေ့ဆုံသွားဖို့ရှိပါတယ်။ သူနဲ့အတူ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးတွေပါ လိုက်ပါ သွားကြမှာဖြစ်ပါတယ်"ဟု ၄င်းက သတင်းထောက်များအားပြောကြားသည်။

 

သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှာ အကျပ်အတည်းများ ဖြစ်လာသည့်​ အကြောင်းကိုပြောကြားခဲ့သည်။

 

ရိုက်တာသတင်းဌာနက မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရန် တရုတ်နှင့် ဆွေးနွေးသွားရန်  အလားအလာ ရှိပါသလားဆိုသည့် မေခွန်းကို မြန်းခဲ့သည်။

 

၄င်းက "မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်း စဉ်းစားထားပါတယ်။ အရှေ့တောင် အာရှမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကြိုးပမ်းရာမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ တူညီသော စိတ်ပါဝင်စားမှု ရှိကြတယ်ဆိုတာ ရှင်းပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

Source/US State Department

ဆက်စပ် သတင်းများ