ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ခွင့်ပြန်လာသူဗိုလ်ကြီးတစ်ဦးနှင့်ဇနီးဖြစ်သူအပါအဝင် ၃ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၂

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ခွင့်ပြန်လာသည့် ဗိုလ်ကြီးတစ်ဦးနှင့် ဇနီးဖြစ်သူ အပါအဝင် ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ  ဗိုလ်ကြီးမြင့်ဆွေနှင့် ဇနီး၊ ပ်သားအောင်ကိုမင်းတို့ ၃ ဦးဖြစ်ကြောင်း  VOM သတင်းဌာနက ဖော်ပြသည်။

၎င်းတို့ ၃ ဦးသည် အောက်တိုဘာ ၂၀ ရက် နံနက်  ဆယ်နာရီဝန်းကျင်တွင်  လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီး မ်းလျှောက်ပြန်လာစဉ်  ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရပ်ကွက်နေသူတဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

ဗိုလ်ကြီးမြင့်ဆွေသည် စစ်တပ်ကနေ ခွင့်ဖြင့် ပြန်လာပြီး မိဘဖြစ်သူနေအိမ် ခေတ္တနေထိုင်နေပြီး ဇနီးဖြစ်သူနှင့် အတူ စားအုံးဆီထုတ်ပြီး အပြင်ကနေ နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ပြောကြောင်း VOM က သတင်းဖော်ပြသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်သားများရောက်ရှိလာပြီး သေဆုံးသွားသူများကို မဂင်္လာဒုံစစ်ဆေးရုံကို ပို့ဆောင်လိုက်သည်ဟု သိရသည်။

လှိုင်မြို့နယ်တွင် ြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်ကလည်း  အငြိမ်းစားဗိုလ်မှုးချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

(Photo by VOM)

ဆက်စပ် သတင်းများ