ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

နေပြည်တော် လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲဖျက်ဆီးမည့် PDF အဖွဲ့ဝင်သုံးဦးအားဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ

နေပြည်တော်၊ဇန်နဝါရီ ၃/ ၂၀၂၂

နေပြည်တော်ကောင်စီနယ်မြေတွင်ကျင်းပပြုလုပ်မည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဖောက်ခွဲဖျက်ဆီးရေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် PDF အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်မည့် PDF အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာနေ ကျော်မျိုးသူကို ဇန်နဝါရီလ ၁ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ကျော်မျိုးသူ၏ ထွက်ဆိုချက်အရ တပ်ကုန်းမြို့နယ် ဆည်ထိပ်ကျေရွာရှိ လှမိုး(ခ)လှမိုးအောင်၏ နေအိမ်တွင် ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည်(၆) တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း(၁၀)လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ်(၃) ခု၊ Keypad ဖုန်းတစ်လုံး ၊ ရီမု ၁ ခုနှင့် ဆက်စပ် ပစ္စည်း များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လှမိုး(ခ)လှမိုးအောင်၏ထွက်ဆိုချက်အရ ကျော်ဆန်းအေး(ခ) အရှည်ကြီးကိုလည်း ဖောက်ခွဲရေး ပြုလုပ်မည့်နေရာများနှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ အခြေအနေကို စောင့်ကြည့်ရန် တာဝန်ပေး စီစဉ်ထားမှုအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

၎င်းတို့သုံးဦးသည် တပ်ကုန်းမြို့ ဗိုလ်ချုပ်ကြေးရုပ်နှင့် လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင် ၊ မြဝတီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၊ တပ်ကုန်းမြို့မစျေးပတ်ဝန်းကျင် ၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်းနေရာ ၊ တပ်ကုန်းပြည်သူ့ဆေးရုံ ခုတင်(၁၀၀) ရှေ့ဝင်ပေါက် နှင့် မြောက်ဖက် ဝင်ပေါက်ဝနေရာ တို့အား ဖောက်ခွဲမှုပြုလုပ်ရန် စီစဉ်ထားကြောင်း ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ပေါက်ကွဲမှုများဖြစ်ပေါ်လာပါက လုံခြုံရေးတပ်ဖွဲ့ဝင်များလာရောက်နိုင်သည့် နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်တွင် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားကြောင်းကိုလည်း ထွက်ဆိုချက်အရသိရသည်။

 PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖောက်ခွဲမှုများမပြုလုပ်ခင် အချိန်မီ ကြိုတင်သတင်းလက်ဦး ရယူဖမ်းဆီးနိုင်ခဲ့ကြောင်းကိုလည်း စစ်ကောင်စီမှ ထုတ်ပြန်ပြောဆိုထားသည်။

 NN- 25

 ဓာတ်ပုံ - စစ်ကောင်စီထုတ်ပြန်ချက်

ဆက်စပ် သတင်းများ