ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကရင်ပြည် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး ဒေသအတွင်း ၆ ရက်ကြာ တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၉၀ ကျော်ကျဆုံးခဲ့ဟု Lion Battalion Commando -က သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ ၊ဇန်နဝါရီ ၆/ ၂၀၂၃

 

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး ဒေသအတွင်း ၆ ရက်ကြာ တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၉၀ ကျော် ကျဆုံးခဲ့ကြောင်း ကော်သူလေး Army Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

 

 ၎င်း ဒေသတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းနှင့် ဗျူဟာကုန်းများအား Lion Battalion Commando - ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များမှ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်နေ့အထိ  င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ထိုသို့ဝင်ရောက်တိုက်ခိုက်ရာတွင် ကြာအင်ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ စစ်ကောင်စီ တပ်နှင့် BGF ပူးပေါင်းတပ်များရှိသည့် တောင်စွန်း စခန်း (၃) ခု အနက် BGF စခန်း(၂)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ကျန်ရှိနေသည့် စခန်း တစ်ခုကိုလည်း ထပ်မံသိမ်းပိုက်နိုင်ရန်အတွက် တိုက်ခိုက်နေကြောင်းနှင့် လုံခြုံရေး အခြေအနေများအရ စစ်ရေး သတင်း အခြေအနေ ထုတ်ပြန်နောက် ကျသည့်အတွက် နားလည်ပေးစေလိုကြောင်း ကိုလည်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ထုတ်ပြန်ပြောဆိုထားကြောင်း သိရှိရသည်။

 

တိုက်ပွဲများကြောင့် စစ်ကောင်စီဘက်မှ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် စစ်ဘေးရှောင်ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

 

စစ်ကောင်စီဘက်ကလည်း ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်သည်။

 

"အကြမ်းဖက်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့သော် လည်း စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ လုံခြုံ ရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် မဆုတ်မနစ် ခုခံတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် ပူးပေါင်းအဖွဲ့များသည် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်း ဖက်ပူးပေါင်းအဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်" ဟု ကြာအင်းဆိပ်ကြီး ဒေသအတွင်းဖြစ်ပွားသည့် တိုက်ပွဲအခြေအနေ ထုတ်ပြန်မှုတွင် ပြောဆိုထားသည်။

 

 ဓာတ်ပုံ - Lion Battalion Commando - ဗျူဟာစစ်ကြောင်း

ဆက်စပ် သတင်းများ