ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်တိုင်း သုံးခွမြို့ နယ်က နယ်မြေရဲစခန်း ၀င်ရောက် စီးနင်းခံခဲ့ရပြီး ရဲ ၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

နိရဥ္ဇရာ၊ ဇန်နဝါရီ ၈/၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ ကတုံးပေါ်နယ်မြေရဲစခန်းကို  ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က ဝင်ရောက်စီးနှင်းတိုက်ခိုက်ခံခဲ့ရပြီး ရဲ ၃ ဦးသေဆုံးကာ လက်နက်သုံးလက် ဆုံးရှုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

မြို့ပြပြောက်ကျားအဖွဲ့၏ စီးနင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်း ရဲ ၃ ဦးသေဆုံးခဲ့ပြီး သေနတ် လက် သိမ်းဆည်း ရယူနိုင်ခဲ့ကြောင်းကိုလည်း ရန်ကုန် (တောင်ပိုင်း) ခရိုင် ဇုန် ၂ Fire Dragon တပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုကဲ့သို့ ဖြစ်ပွားခဲ့မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲများ၊ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။

သုံးခွ ဒေသခံ တစ်ဦးက"မနက်အစောကတည်းကလို့ကြားတယ်။ ရဲစခန်းလဲ မီးရှို့သွားတယ်ပြောတယ်။ အနီးအနား လမ်းသွားလမ်းလာတွေအထဲက မသင်္ကာတဲ့သူတွေကိုစစ်နေတာတော့တွေ့တယ်" ဟု ပြောသည်။

Fire Dragon တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ယခု စစ်ဆင်ရေးသည် နန်းထိုက်အောင်စစ်ဆင်ရေးဖြစ်ပြီး Mission ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့ဝင်ရောက် စီးနှင်းခံရသည့် ကတုံးပေါ်နယ်မြေရဲစခန်းကို ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလကုန် ပိုင်းကလည်း ခရမ်း PDFမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ရဲစခန်းအဆောက်အအုံနှင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုဖြစ်ပေါ်ခဲ့သေးသည်။ (  NN-25)

ဆက်စပ် သတင်းများ