ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကရင်စစ်မျက်နာတွင် ဒီဇင်ဘာတစ်လအတွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၇ ဦးသေဆုံးပြီး ၁၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 478

နိရဉ္စရာ၊ ဇန်နဝါရီ / ၂၀၂၃

ကရင်အမျိုးသားအစည်းအရုံး (KNU)  ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်များအပါအဝင် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀၆) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) (၂၁၇) ဦး သေဆုံးခဲ့ပြီး (၁၇၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များဘက်က တိုင်းပြည်နှင့် လူမျိုးအတွက် () ဦးအသက်ပေးလှူခဲ့ရပြီး (၂၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာလအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ပြည်သူလူထုများနေထိုင်သော ကျေးရွာ များအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးဇင်း () ပါးအပါအဝင်   ဦးသေဆုံးပြီး  ဦးဇင်း () ပါး၊ ကိုရင် () ပါး အပါအဝင် လူပေါင်း ၂၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လတာအတွင်းဖြစ်ပွားသော တိုက်ပွဲသတင်းနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ၊ ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို  ကေအဲန်ယူဗဟိုက ဇန်နဝါရီလ () ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိ အချိန်ထိ ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်နေပြီး ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး ဒေသအတွင်း ၆ ရက်ကြာ တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၉၀ ကျော် ကျဆုံးခဲ့ကြောင်း ကော်သူလေး Army Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

၎င်း ဒေသတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းနှင့် ဗျူဟာကုန်းများအား Lion Battalion Commando - ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များမှ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်နေ့အထိ  င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ဝင်ရောက်တိုက်ခိုက်ရာတွင် ကြာအင်ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ စစ်ကောင်စီ တပ်နှင့် BGF ပူးပေါင်းတပ်များရှိသည့် တောင်စွန်း စခန်း (၃) ခု အနက် BGF စခန်း(၂)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ