ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်သား ၆ဦး KNU ထံ လာရောက်ပူးပေါင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ ဇန်နဝါရီ /၂၀၂၃

 

စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ၆ဦးသည် တပ်ကနေ လက်နက်မဲ့ ထွက်ပြေးပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)  ထံ လာရောက် ပူးပေါင်းခဲ့ကြသည်ဟု သတင်းရရှိသည်။

 

ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်ခရိုင်)  တပ်မဟာ ၅နယ်မြေ၊ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်-KNLA ထံ ဇန်နဝါရီလ ပထမပတ်က ထွက်ပြေးရောက်ရှိလာသည်ဟု ကေအဲန်ယူကို ကိုးကားပြီး ကရင်သတင်းစဉ်  KIC တွင် သတင်းဖော်ပြသည်။  

 

၎င်းစစ်သား ဦးသည် တပ်မဟာ()နယ်မြေအစပ်၊ သံလွင်မြစ်ကမ်းဘေးရှိ ကောကော်ထစခန်းမှ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၀၄ စစ်ကြောင်း ()မှ တပ်သားအဆင့်ရှိသူများ ဖြစ်ကြပြီး  တပ်တွင်း နိုင်ထက်စီးနင်းမှုနှင့် မတရားခိုင်းစေမှုဒဏ်များကို မခံနိုင်၍  ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့၏ တပ်ရင်းကိုစွန့်ခွာကာ မြစ်ထဲသို့ ခုန်ချ ထွက်ပြေးလာကြသည်ဟု သတင်းတွင် ဖော်ပြသည်။

 

ထွက်ပြေးလာသူများအနက် တပ်သားကျော်မင်းဦးက “ကျနော်က ထွက်ပြေးဖို့ကြံစည်နေတာက ကြာပြီး လက်နက်မကိုင်ချင်တော့ဘူး။ တပ်မတော်ကို စိတ်နာ တယ်။ ကျနော်တို့မှာဖြစ်နေတာက ကျနော်တို့ စစ်ကြောင်းမှူးက ရာထူးမက်တယ်။ သူ့ရာထူးအတွက်ပဲ သူကြည့်တယ်။ ရဲဘော်တွေ ဘာဖြစ်ဖြစ် သူ ဂရုမစိုက် ဘူး။ သူ လုပ်ချင်တာကိုပဲ သူလုပ်တယ်။ အဲဒါကြောင့် ကျနော်တို့ တိုင်ပင်ကြပြီးတော့ အခွင့်သာလို့ ထွက်ပြေးလိုက်တာ။ အသက်စွန့်ပြီးတော့ မြစ်ထဲခုန်ချတာ။” ဟု ပြောသည်။

 

လက်နက်ခဲယမ်း တစုံတရာ မပါရှိဘဲ KNLA ထံ ထွက်ပြေးရောက်ရှိလာသည့် ၎င်းစစ်ကောင်စီတပ်သား ၆ဦးမှာ တပ်သား အောင်ကျော်လင်း (၂၃) နှစ်၊ တပ်သား နေလင်းအောင် (၂၀) နှစ်၊ တပ်သား ကျော်မင်းဦး (၂၈)နှစ်၊ တပ်သား ပြည့်ဖြိုးအောင် (၁၉) နှစ်၊ တပ်သား အောင်မိုးသူ (၂၃နှစ်) နှင့် တပ်သား လှဝင်း (၂၃) နှစ်တို့ ဖြစ်ကြ သည်။

 

အဆိုပါ ကောကော်ထစခန်းတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား (၄၀)ကျော်ရှိပြီး စစ်ကြောင်းမှူးနှင့် အိမ်ထောင်သည်အရာရှိများမှလွဲ၍ တပ်သားအများစုမှာ လက်နက် ဆက်ကိုင်လိုစိတ် မရှိကြသလို တပ်ကိုစွန့်ခွာလိုသူများသာရှိနေကြောင်းလည်း ထိုတပ်ပြေးစစ်ကောင်စီတပ်သားများ၏ ပြောပြချက်ကို ကိုးကားပြီး သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ