စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

ကျောက်မဲ ၊ နောင်ချိုနှင့်မိုးကုတ်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 217

(ထိုတိုက်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေး ၏ အဆက်ဖြစ်ကြောင်းPSLF/TNLA ကယနေ့တွင်သတင်းထုတ်ပြန်)

နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၄

ကျောက်မဲ ၊ နောင်ချိုနှင့်မိုးကုတ်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် တို့  တိုက်ပွဲများဆက်လက်ဖြစ်ပွား နေပြီးယင်းသည် ၁၀၂၇ စစ်ဆင်ရေး ၏ အဆက် ဖြစ်ကြောင်းPSLF/TNLA ကဇွန်လ (၂၅)ရက်(ယနေ့)တွင်သတင်းထုတ်ပြန်သည်။

တအာင်းပြည် တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး (၄)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တပ်မဟာ(၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ် ပန်းဆပေရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၉း၄၁) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင်လည်း တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြိုနယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နံနက် ၉နာရီအချိန်တွင် ဆမ္မဆယ်ကျေးရွာသို လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။



ဆက်စပ် သတင်းများ