သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မောင်တောတွင် ပြုလုပ်သည့် နှစ်နိုင်ငံတပ်မှူးအဆင့်အလံတင်ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေ့ရှ်ငါးဖမ်းသမား ၉ဦးကို လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.2k

နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/၂ဝ၂ဝ

ယနေ့နံနက်က မောင်တောမြို့ အမှတ်(၁) ဝင်ထွက်ဂိတ်တွင် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲတွင် မြန်မာဘက်က ဖမ်းဆီးထားသည့် ဘင်္ဂလီငါးဖမ်းသမား ၉ ဦးကို လွှဲပြောင်းပေးအပ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းငါးဖမ်းသမား ၉ ဦးမှာ နိုဝင်ဘာ ၁ဝ ရက်နေ့က ငါးဖမ်းစက်လှေ စက်ပျက်ပြီး မြန်မာရေပိုင်နက်အတွင်း မျောပါနေစဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်ခံရသူများဟု ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။

၎င်းငါးဖမ်းသမား ၉ ဦးကို ယနေ့ နှစ်ဖက်တပ်မှူးအဆင့် အလံတင်ဆွေးနွေးအပြီးတွင် လွှဲပြောင်းပေးခဲ့သည်ဟု Parbatta News တွင် ဖော်ပြသည်။  

မောင်တောတွင် ပြုလုပ်ခဲ့သည့် အလံတင်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြုလုပ်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ၁ဝ ဦးနှင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGP) မှ ၇ ဦးတက်ရောက်ခဲ့ပြီး နယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ