အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ပြန်တစ်ဦးတွင်ကိုဗစ်ထပ်တွေ့၊ စစ်တွေတွင်ကိုဗစ်လူနာ စုစုပေါင်း ၆ ဦးအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 10.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၁၉ / ၂၀၂၁

 

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်ပြီး စစ်တွေသို့  ပြန်လာသူများအား ကိုဗစ်-၁၉ စစ်ဆေးမှုများပြုလုပ်လျက်ရှိတွင် ယမန်နေ့က ကိုဗစ်-၁၉ ှိသူတစ်ဦးကို မံထပ်တွေ့ရှိခဲ့သည်ဟု စစ်တွေဆေးရုံအုပ် ဒေါက်တာ ကြည်လွင်က ပြောသည်။

ကျနော်တို့က ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူတွေကို ကျနော်တို့ ပုံမှန်စစ်နေပါတယ်။ ပြန်လာတဲ့ လှေသမားတွေကို ကျနော်တို့ ပုံမှန်စစ်ပေးရတယ်။ အဲဒီမှာ မနေ့ ညနေက တစ်ယောက်ထပ်တွေ့တာပါ။ဟုပြောသည်။

လက်ရှိအချိန်ထိ ကိုဗစ်-၁၉ တွေ့ရှိသည့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ၆ ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ၄င်းလူနာများအား စစ်တွေဆေးရုံတွင် ၁၁ ရက် စောင့်ကြည့် ကုသသွားမည်ဟု  သူကဆက်ပြောသည်။

ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဆေးရုံကတော့ မဆင်းရသေးဘူး။ ပုံမှန်ကတော့ ကိုဗစ်စတွေ့တဲ့နေကနေ ၁၁ ရက်ထားမှာပါ။ ဆေးရုံကဆင်းသွားလို့ရှိရင် အိမ်မှာ တစ်ပတ်နေရမယ်။ဟုပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူများအား ကိုဗစ်ပိုးနှစ်ကြိမ်စစ်ဆေးမှု ပြုလုပ်ကာ ကွာန်တင်း ၁၀ ရက်ထားရှိသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

 သူတို့ကို နှစ်ခါစစ်ပြီးလို့ ရှိရင်။ နှစ်ခါစစ်ပြီးလို့ ပိုးမတွေ့ဘူးဆိုရင်။ ၁၀ ရက်ပြည့်ရင် ကွာန်တင်းက ထွက်လို့ရပြီဟုပြောသည်။

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သွယ်ရေးပြုလုပ်ပြီး ပြန်လာသူများအား ကိုဗစ်ပိုး စစ်ဆေးလျက်ရှိရာ မေလ ၁၂ ရက်နေ့က သင်္ဘောသား ၄ ဦး၊ မေလ ၁၄ ရက်နေ့က  သင်္ဘောသား ၁ ဦး တွေ့ရှိပြီး မနေ့က တစ်ဦးနှင့် ဆိုလျှင်  လက်ရှိအချိန်တွင် ကိုဗစ်လူနာ ၆ ဦးရှိကြောင်း သိရှိရသည်။

ရခိုင်တွင် ဖြစ်ပွားချိန်မှ စပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၃၇ ဦးသေဆုံးသွားပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရသည်။

ဆက်စပ် သတင်းများ