တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် ညအချိန် လမ်းဘေးမူးယစ်ဆေးနှင့်အရက်သောက်သူ ၂၆ ဦးကို ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ယမန်နေ့ညက လမ်းဘေးတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားသူ ၂၆ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် သက်ဆိုင်ရာက လှည့်ကင်းဆောင်ရွက်ရာ မူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦးနှင့် လမ်းဘေးတွင်စုဖွဲ့၍ အရက်ထိုင်သောက်နေကြသူ ၂၃ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ပြည်နယ်အစိုးရ၏ ယနေ့ စက်တင်ဘာ ၁၁ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူ ၂၆ ဦးထဲတွင် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၁၈ နှစ် မပြည့်သူ ၃ ဦးလည်း ပါဝင်သည်ဟု သိရသည်။
အသက်မပြည့်သူများကို ညတွင်းချင်း ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ယခုဖမ်းဆီးရမိသူများကို စစ်တွေအမှတ်(၂) နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု အမှတ် (၁)ရဲစခန်းမှူးက နိရဥ္စရာကို အတည်ပြုပြောသည်။
စစ်တွေအမှတ်(၂) နယ်မြေရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ယခုဖမ်းဆီးရမိသူများကို ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ညွန်ကြားချက်နှင့် ရဲအက်ဥပဒေကိုချိုးဖောက်မှုကြောင့် ဖမ်းဆီးရခြင်းဖြစ်ပြီး ဥပဒေနှင့်အညီအရေးယူသွားမည်ဟု ပြည်နယ်အစိုးရက ဆိုသည်။
ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်

ဆက်စပ် သတင်းများ