တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

သင်္ကြန်ကာလ ရခိုင်မှ အဝေးပြေးယာဉ်လိုင်းများနှင့် ရေကြောင်းခရီးစဉ်များ ယာယီရပ်နားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

မင်းအဂ္ဂ
စစ်တွေ၊ ဧပြီ ၆ / ၂ဝ၂၂
လာမည့်သင်္ကြန်ကာလအတွင်း ရခိုင်မှ အဝေးပြေးယာဉ်လိုင်းများနှင့် ရေကြောင်းခရီးစဉ်များကို ယာယီရပ်နားသွားမည်ဟု သိရသည်။
ရခိုင်ကိုအခြေပြု၍ပြေးဆွဲနေကြသည့် ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းအများစုသည် ဧပြီလ ၁၃ ရက်မှစတင်ကာ ဧပြီ ၁၇ ရက်အထိ ၅ ရက်ကြာ ယာယီရပ်နားသွားမည်ဟု စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် အောင်သစ္စာခရီးသည်တင်ယာဉ်လိုင်းမှ စစ်တွေဂိတ်မှူး ဦးထွန်းအောင်ဇံက နိရ ဉ္စရာကိုပြောသည်။
“ကျနော်တို့က စစ်တွေကနေ ရန်ကုန်ကို ၁၂ ရက်နေ့ နောက်ဆုံးထွက်မယ်။ ပြီးတော့ ၁၈ ရက်မှ ပြန်ထွက်မယ်”ဟု ပြောသည်။
စစ်တွေမှ မန္တလေးသို့ပြေးဆွဲနေသည့် ရွှေလမင်းခရီးသည်တင်ယာဉ်လိုင်းမှ စစ်တွေဂိတ်မှူး ဦးထွန်းထွန်းကလည်း သူတို့ယာဉ်လိုင်းသည် ဧပြီ ၁၂ ရက်မှစတင်ကာ ၁၇ ရက်အထိ ၆ ရက်ကြာ ယာယီရပ်နားသွားမည်ဟု ဆိုသည်။
အလားတူ စစ်တွေအခြေပြုပြေးဆွဲနေကြသည့် ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်သည်လည်း ဧပြီ ၁၃ ရက်မှစတင်ကာ ၁၇ ရက်အထိ ၅ ရက်ကြာရပ်နားကာ ၁၈ ရက်မှ ပြန်လည်ပြေးဆွဲမည်ဟု နိရ ဉ္စရာကိုပြောသည်။
အခြားရေယာဉ်ခရီးစဉ်များနှင့် တစ်ပတ်လျှင်တစ်ကြိမ်ကျစီပြေးဆွဲတတ်သည့် ပြည်တွင်းရေကြောင်းခရီးစဉ်များသည်လည်း သင်္ကြန်ကာလအတွင်း ယာယီရပ်နားသွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ