ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်မဏ္ဍပ်များနှင့် ဘုရားရေသပ္ပာယ်ရေးအတွက် ပြင်ဆင်နေကြမှုများကို ယနေ့ ဧပြီလ ၈ ရက် မွန်းလွဲပိုင်းက တွေ့ရှိရခြင်းဖြစ်သည်။
ဗဟိုမဏ္ဍပ်ကို စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့တွင်တည်ဆောက်လျက်ရှိပြီး မိဇံရပ်ကွက်၊ စာတိုက်ကြီးအနီး၊ ကမ်းနားလမ်းတို့အပါအဝင် မင်းဘာကြီးလမ်းတစ်လျှောက်ရှိ မဏ္ဍပ်ငယ်များကိုလည်း တည်ဆောက်လျက်ရှိသည်။
ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်နေမှုများကို တွေ့ရသည်။
ယခုနှစ်သင်္ကြန်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ကိုလည်း စစ်တွေစာတိုက်ကြီးအနီးမှ သုံးခွဆုံအထိ ပြုလုပ်သွားမည်ဖြစ်ပြီး တေးဂီတဖြေဖျော်ပွဲများကိုလည်း ထည့်သွင်းကျင်းပကြမည်ဟု သိရသည်။
ဓာတ်ပုံ - ဇော်ဝင်းအောင် / နိရ ဉ္စရာ