တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်မြို့မှ ဌာနဆိုင်ရာဝန်ထမ်း ၁ဦးနှင့် အရပ်သား ၁ဦးတို့ကို ULA/AA ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

 

နိရဉ္စရာ၊ ဇွန် ၂၆/၂၀၂၂

 

ဇွန်လ ၂၃ ရက်နေ့က ရသေ့တောင်မြိုနယ်၊ ကူတောင်ကျေးရွာတွင် မသင်္ကာ၍ ဖမ်းဆီးခဲ့သော ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့်  အရပ်သား ၁ ဦးတို့ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ULA/AA ယနေ့တွင် သတင်းထုတ်ပြန်သည်။

 

ရခိုင်ပြည်၊ စက်မှုကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာဟိ SAE ဦးဆန်းလင်းအောင် (၄၅) နှစ် နှင့် ရသေ့တောင်မြို့က ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈) နှစ်တို့ နှစ်ယောက် ယနေ့ ဇွန် ၂၆ ရက်နေ့တွင် ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဖမ်းဆီးခံရသူ ဦးဆန်းလင်းအောင်၏ နိုင်ငံသားစိစစ်ရေးကဒ်နေရပ်လိပ်စာတွင် အမတ (အမြောက်တပ်) ဟု ဖော်ပြထားပြီး၊ ၎င်းဖခင်၏ညီဖြစ်သူမှာ စစ်တွေအခြေစိုက် စစ်ကောင်စီတပ် အမတ (၃၇၃) အမြောက်တပ်၌ တာဝန်ထမ်း ဆောင်နေသူဖြစ်ကာ ရက္ခိုင်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သည့်အတွက် AA တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ရေးသားထားသည်။

 

စီစစ်ချက်အရ ဦးဆန်းလင်းအောင်နှင့် ဦးဇော်ဟိန်းထွန်းတို့နှစ်ယောက်မှာ စစ်ဖက်ဆိုင်ရာနှင့် ပတ်သက်မှု မရှိသည့်အတွက် ယနေ့ ဇွန်လ (၂၆) ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် ရသေ့တောင်မြိုနယ်၊ မူစဲကျွန်း၊ ငလပြားကူးတိုဆိပ်ကမ်းကို ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ကာ လွှတ်ပီးလိုက်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

 

လက်ရှိ ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သား ၁၀ ကျော်ကို AA ကဖမ်းဆီးထားပြီး စစ်ကောင်စီကလည်း ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။(NN-7)

ဆက်စပ် သတင်းများ