တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ၁ဝ ရက်အတွင်း အရပ်သား ၈ ဦးဖမ်းဆီးခံထားရဟု AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 516

နိရဥ္စရာ၊ ဇွန် ၂၆/၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁ဝ ရက်အတွင်း အရပ်သား ၈ ဦးဖမ်းဆီးခံထားရသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ညတွင်ထုတ်ပြန်သည်။
ထို ၈ ဦးထဲတွင် ၁၈ နှစ်မပြည့်သေးသည့်လူငယ် ၁ ဦး ပါဝင်သည်ဟုလည်း ယနေ့ ဇွန်လ ၂၆ ရက် ည ၁၁ နာရီ ၁ဝ မိနစ်တွင်ထုတ်ပြန်သည့် AA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်း ၈ ဦးသည် ဇွန်လ ၁၆ ရက်မှ ယနေ့ ဇွန်လ ၂၆ ရက်အထိ ၁ဝ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံထားရသူများဖြစ်သည်။
အလားတူ ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း စစ်တွေမြို့အတွင်း ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၂၁ ဦးရှိခဲ့သည်ဟု AA က ယမန်နေ့ ဇွန်လ ၂၅ ရက် ညတွင် ထုတ်ပြန်ခဲ့သည်။
စစ်တွေတွင်ဖမ်းဆီးခံထားရသူများ၌ အသက်မပြည့်သေးသည့် လူငယ် ၃ ဦးနှင့် မူဆလင်အချို့လည်း ပါဝင်နေသည်ကို တွေ့ရသည်။ (NN-2)

ဆက်စပ် သတင်းများ