တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးတွင် စစ်ကောင်စီက ဖမ်းဆီးသူ ၉ ဦးစာရင်း အေအေထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးသွားသူ ၉ ဦးစာရင်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများအထဲတွင် အသက် (၁၃) နှစ်သာရှိသေးသည့် မြောက်ဦးမြို့နယ် ကုန်းဘောင်ကျေးရွာက လူငယ်တစ်ဦးလည်း ပါဝင်သည်။
ယခုစာရင်းမှာ အေအေက စုဆောင်းကောက်ခံရရှိထားသောစာရင်းဖြစ်ပြီး နောက်ထပ်လည်း ရှိနိုင်သေးသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများအထဲတွင် ရခိုင်ပြည်နယ်ကသာမက ချင်းပြည်နယ် မတူပီနှင့် ပလက်၀က တစ်ဦးစီနန့် ရှမ်းပြည်နယ် ပင်လောင်းမြို့က တစ်ဦးတို့ ပါဝင်သည်။

ဆက်စပ် သတင်းများ