တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

နိရဥ္စရာ၊ ဇူလိုင် ၅ / ၂ဝ၂၂
စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၄ ရက်တွင် ဂျက်တိုက် လေယာဉ် (၂)စီးဖြင့် လေကြောင်းမှတဆင့် တိုက်ခိုက်၍ ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၆ ဦး အသက်ပေး စွန့်လွှတ်သွားခဲ့ရသည်ဟု AA က ယနေ့နံနက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၂ စီးသည် ဇူလိုင် ၄ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်က ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ (၅) နယ်မြေရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းတစ်ခုကို တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိဘဲ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကျဆုံးခဲ့ရသူ ၆ ဦးမှာ ရသေ့တောင်မြို့နယ်က တပ်သား ကျော်ဦးလှိုင် (၃၁) နှစ်နှင့် တပ်သားနေဇော်ဦး(၂၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တပ်သား ကျော်ဆန်းဌေး(၂၆) နှစ်၊ ပလက်၀မြို့နယ်မှ တပ်သားထွန်းထွန်းလင်း (၂၄) နှစ်၊ ကျောက်တော်မြို့နယ်မှ တပ်သားဘိုသန်းကျော်(၂၀)နှစ်၊ မြေပုံမြို့နယ်မှ တပ်သားဇာနည်ဝင်း(၂၀) နှစ်တို့ဖြစ်ကြသည်။
၎င်းတိုက်ခိုက်မှုအတွင်း အေအေတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့သလိုတချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ