တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA စခန်းကိုဗုံးကြဲတိုက်ခိုက်မှု ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၂
မြန်မာ-ထိုင်း နယ်စပ်ရှိ KNU တပ်မဟာ(၅)ရှိ ရက္ခိုင့်တပ်တော် (AA) စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုသာမက နားလည်မှုဖြင့်ရယူထားသော ရခိုင်ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု ရခိုင်အရေး လှုပ်ရှားသူများက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် ကြိုးစားနေချိန်တွင် ယခုလို လုပ်ရပ်မျိုးကို မလုပ်ဆောင်သင့်ကြောင်း၊ ယခုလုပ်ရပ်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အဟန့်အတာ ဖြစ်စေနိုင်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက နိရဉ္စရာသတင်းဌာကို ပြောသည်။
" ခုလို စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တယ်ဆိုတဲ့အခါ ဒီလိုဖြစ်ရပ်မျိုးကို လွှဲရှောင်တာ အကောင်းဆုံးပေါ့နော်။ ဘာလို့လဲဆိုတော့ အခုစကစအနေနဲ့လည်း တစ်နိုင်လုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လိုအပ်တယ်လို့သူတို့က ကြေညာချက် ထုတ်ထားပြီးသားဖြစ်တဲ့အတွက်လေ။ ဒါကမလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကိုယ်တို့က ယူဆတယ်ပေါ့နော်။ အဲလိုမျိုး လုပ်တယ်ဆိုတာကတော့ ရှေ့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ စကားပြောလာမယ့် နေရာတွေမှာ သိပ်ကိုအဟန့်အတားတစ်ခုဖြစ်နိုင်မယ်လို့ ယူဆတယ်"ဟု ပြောသည်။
ရက္ခိုင့်တပ်တော် AA၏ တပ်စခန်းကိုဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်မှာ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေနိုင်ပြီး စစ်ရေး အခြေအနေများကို စောင့်ကြည့်ရမည့်အနေအထားဟု ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကပြောသည်။
" စစ်ကောင်စီအနေနဲ့လည်း ဒါကရင်စခန်း၊ ဒါ ရခိုင်စခန်း စသည်ဖြင့် သူတို့ ကွဲကွဲပြားပြား သိမယ့်အခြေအနေရှိပါတယ်။ ဒါကြောင့် AA တပ်စခန်းကို ရည်ရွယ်ချက်ရှိရှိ တိုက်တယ်လို့ ပြောလို့ရတယ်။ ရှေ့မှာဘယ်လို စစ်ရေး ပြင်ဆင်မှုတွေ၊ စစ်ရေးထိတွေ့မှုတွေ ဘယ်လိုရှိလာမလဲ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ ဘယ်လောက်အဆင့် အထိတုံ့ပြန်မယ်ဆိုတာတော့ ကျွန်တော်လည်းမပြောနိုင်ဘူး"ပြောသည်။
ယင်းအဖြစ်အပျက်များကြောင့် ရခိုင်တွင် စစ်ရေးပြင်ဆင်မှုများနှင့် စစ်ရေးထိတွေ့မှု အခြေအနေကို စောင့်ကြည့်ရမည့် အနေအထားသို့ ရောက်ရှိလာပြီး ရခိုင်ပြည်သူများအနေဖြင့်လည်း စားသတိ၊သွားသတိရှိရန် လိုအပ်သည်ဟုလည်း ၎င်းကပြောဆိုသည်။
ဇူလိုင်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်မှာ မြန်မာ-ထိုင်း နယ်စပ်၊ KNU တပ်မဟာ(၅) နယ်မြေတွင် အခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် AA တပ်သား ၆ ဦးကျဆုံးပြီး ဒဏ်ရာ ရသူများ ရှိခဲ့ကာ ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့ကြောင်းရက္ခိုင့်တပ်တော် AA ကထုတ်ပြန်ထားသည်။
နားလည်မှုနှင့် အပစ်ရပ်ထားသည့်ကာလမျိုးဖြစ်၍ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၊ တိုက်ပွဲ ဖြစ်ပွားနေသောနေရာနှင့်လည်း အလှမ်းကွာဝေးသည့် အေအေ စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းသည် ရည်ရွယ်ချက်ရှိရှိလာရောက်တိုက်ခိုက်ခြင်းဖြစ်သဖြင့် လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။ (NN7 and

ဆက်စပ် သတင်းများ