တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကို အာရက္ခအမျိုးသားကွန်ယက်မှ ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.4k

နိရဉ္စရာ၊ ဇူလိုင်လ ၉/၂၀၂၂

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ထိုင်း- မြန်မာနယ်စပ်ရှိ ရက္ခိုင့်တပ်တော် စခန်းတစ်ခုအား ဗုံးကြဲတိုက်ခိုက်မှုကို ရှုတ်ချကြောင်း အာရက္ခအမျိုးသားကွန်ယက် (ဘင်္ဂလာဒေ့ချ်)က ဇူလိုင်လ ၇ ရက်နိန့်မှာ ထုတ်ပြန်လိုက်သည်။

တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက် ခိုက်ခဲ့မှုကြောင့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင် (၆) ဦးကျဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် အာဏာသိမ်းစစ် ကောင် စီမှ လူသားမဆန် တိုက်ခိုက်မှုဖြစ်သည့်အတွက်ခဲ့သည့်အတွက် ယင်းလုပ်ရပ်အား အာရက္ခအမျိုးသားကွန်ယက် (ဘင်္ဂလာဒေ့ချ်မှ) ကန့်ကွက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်တမျိုးသားလုံး၏ မဟာအန္တိမပန်းတိုင်သို့ ချီတက်ယင်း ကျဆုံးသွားသည့် စစ်သည် တော် များအတွက် မိသားစုဝင်များနှင့် ထပ်တူခံစားရပါကြောင်းလည်း ရေးသားဖော်ပြထားပြီး အာရက္ခနိုင်ငံတော် လွှတ်လပ်ရေးအတွက် အာရက္ခတမျိုးသားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွာမည် ဖြစ်ကြောင်းလည်း ယင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

ဇူလိုင်လ ၄ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်တွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် KNLA မဟာ(၅) နယ်မြေတွင် အခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် စခန်းတစ်ခုကို စစ်ကောင်မှ တိုက်လေယာဉ် (၂)နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရက္ခိုင့်တပ်တော် တပ်ဖွဲ့များဖြစ်သည့် တပ်သား ကျော်ဦးလှိုင်၊ နေဇော်ဦး၊ ကျော်ဇန်းဌေး၊ ထွန်းထွန်းလင်းနှင့် တပ်သား ဘိုသန်းကျော်တို့ကျဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် တချို့လည်း ထိခိုက်ဒါဏ်ရာရှိခဲ့ပြီး ဆေးပေးခန်း၊ ဆေးရုံနှင့် စက်ခြုပ်ရုံအပါအဝင် အဆောက်အဦးတချို့လည်း ပျက်စီးခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ တစ်စုံတရာ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ရက္ခိုင့်တပ်တော်စခန်းအား ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား ယုံကြည်မှုကို ပျက်ပြားစေသည့်အပြင် တင်းမာမှုကိုဖြစ်ပွားစေနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။

ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ နားလည်မှုဖြင့် အပစ်ရပ်ထားသည်မှာ ၂ နှစ်နီးပါးရှိနေပြီး စစ်ကောင် စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ်ခေါ်မှုကိုလည်း ရက္ခိုင့်တပ်တော်က ငြင်းပါယ်ထားသည်။

ဆက်စပ် သတင်းများ