တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တောင်ပိုင်းမေယုတောင်တန်းတွင် AA နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဉ္စရာ၊ ဩဂုတ် ၁၃/ ၂၀၂၂
ရသေ့တောင်မြို့နယ်တောင်ပိုင်း ကိုးတန်ကောက်ကျေးရွာအနီးဝန်းကျင်ရှိ မေယူတောင်တန်း တစ်နေရာတွင် ယနေ့ နံနက်က ရက္ခိုင့်တပ်တော် ( AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
တိုက်ပွဲမှာ မေယူတောင်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၇ နာရီကျော်က စတင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ လက်ရှိ နံနက် ၉ နာရီ အချိန်ထိ တောင်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ကြားနေရသည်ဟု ရွာသားများက ပြောဆိုသည်။
တိုက်ပွဲကြောင့် အနီးအနား ကျေးရွာသားများမှာ ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ