စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ALP နှင့်စစ်ကောင်စီနီးစပ်မှုအပေါ် အေအေဘက်မှ စိုးရိမ်မှုမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP)နှင့် စစ်ကောင်စီနီးစပ်မှုကို ရက္ခိုင့်တပ်တော် (AA) အနေဖြင့် စိုးရိမ်စရာမရှိကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

 

“ ALP နဲ့ စစ်ကောင်စီ နီးစပ်မှုကို အေအေဘက်က ဘာမှ စိုးရိမ်မှုမရိဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်လည်း အဲဒီအဖွဲ့မှာ ခေါင်းဆောင်လုပ်ဖူးခဲ့သူဖြစ်တယ်။  သူတို့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ လက်ရှိအခြေအနေကိုသိနေပြီးသားဖြစ်တယ်။ အခုအချိန်အထိအမျိုးသားရေး အတွက် အောင်မြင်မှု ကိုင်ပြစရာမရှိသေးဘူးဟု ပြောဆိုသည်။

 

သို့သော်လည်း ALP က ပူးပေါင်းလာလျှင် တာဝန်ပေးဖို့ အဆင်သင့်ရှိကြောင်း ဦးခိုင်သုခက ဆက်လက် ပြောဆိုသည်။

 

ပူးပေါင်းလာရင်တော့ တာဝန်ပေးဖို့အသင့်ရှိတယ်။ တယောက်ချင်းလည်း အမှန်တကယ် အမျိုးသားရေးအတွက် အလုပ်လုပ်ဖို့ ပူးပေါင်းလာရင် လက်ခံမယ်။  ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် တစ်ခုတည်းသာ ရှိရမယ်ဆိုတဲ့ ကို ကြေငြာပြီးသားဖြစ်တဲ့အတွက် အဲဒီမူအတိုင်းသာ  ဆက်သွားမယ်။  တခြားခေါင်းစဉ်နဲ့ လက်နက်ကိုင်လာရင်တော့  လက်ခံမှာမဟုတ်ဘူး။   ဘာကြောင်ဆိုရင်တော့  တိုင်းပြည်လုံးခြုံရေးအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အတွက် ဖြစ်တယ်ဟု ပြောဆိုသွားသည်။

ဆက်စပ် သတင်းများ