စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲ ၂ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k


နိရဥ္စရာ၊ အောက်တိုဘာ ၁ /၂၀၂၂


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။


ဖမ်းဆီးခံရသူများမှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ အသက် ၄ဝ ပတ်ဝန်းကျင်များဖြစ်ကြသည့် ဒုရဲအုပ် လှသိန်းနှင့် တပ်ကြပ် ဇော်လင်းဦးတို့ဖြစ်ကြသည်။


သူတို့သည် ယနေ့ အောက်တိုဘာလ ၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် မြို့မရဲစခန်းမှ ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝဘုရားဘက်သို့ ဆိုင်ကယ်တစ်ယောက်တစ်စီးဖြင့်သွားစဉ် AA က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။


သူတို့တွေမှာ လက်နက်နဲ့ ဝတ်စုံနဲ့လားတော့ မပြောတတ်ဘူး။ အခု သူတို့ အဖမ်းခံရလို့ မြို့မှာ ဆူနေကြတယ်ဟု ပြောသည်။

 
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမေးမြန်းမှုများလည်းရှိနေသည်ဟု မြို့ခံများက ပြောသည်။


ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို AA က ဖမ်းဆီးသွားပြီးနောက် စစ်တပ်က မြို့ခံအမျိုးသားအများအပြားကို ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဖမ်းဆီးထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ