စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရေနက်ဆိပ်ကမ်းအလိုမရှိကြောင်း မဒေးကျွန်းတွင် ဗွီနိုင်းပိုစတာများချိတ်ဆွဲကန့်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဉ္စရာ ၊အောက်တိုဘာ ၂၈ /၂၀၂၂

ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးတွင် တည်ဆောက်နေသည့် ရေနက်ဆိပ်ကမ်းကို အလိုမရှိကြောင်း ဗွီနိုင်းပိုစတာများကပ်ကာ ကန့်ကွက်မှုတစ်ခု အောက်တိုဘာလ ၂ ရက်က ဒေသခံများက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဗီနိုင်းတွင် ရေးသားဖော်ပြထားသော စာများမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံရေလုပ်သားများအတွက် အဆိပ်မသင့်ပါစေနှင့် '' ''ရေနက်ဆိပ်ကမ်းစီမံကိန်းချက်ချင်းရပ်''စသည့် စာသားများပါဝင်သည်ဟု မျက်မြင် ရေလုပ်သားများက နိရဉ္စရာ သို့ပြောဆိုကြသည်။

ဗွီနိုင်းများကို ကျောက်ဖြူအထူးစီးပွားရေးဇုန် အစိတ်အပိုင်းတစ်ခုဖြစ်သော  ရေနက်ဆိပ်ကမ်းတည်ဆောက်နေသော မဒေးကျွန်းအနီးတွင်ချိတ်ဆွဲထားကြောင်း ၎င်းက ပြောသည်။

''  နေ့က မနက်ကမဒေးကျွန်းနားမှ  ျိတ်ထားတာတွေ့ခဲ့တယ်။ ဒီမှာက ဆိပ်ကမ်းစီမံကိန်း အတွက်မြေတင် သင်္ဘောတစ်စီးရှိတယ်။ အဲ့ဒီသင်္ဘောကြောင့် ငါးဖမ်းပိုက်တွေ ခ ပျက်စီးရတယ်။ ကုမ္ပဏီကိုတိုင်ရင်လည်း ဘာမှအကြောင်းမပြန်ဘူး။ တိုင်းပြည်ပျက်နေတာကို အခွင့်အရေးယူပြီးဒေသခံတွေကို ဖိနှိပ်နေကြတာ'' ဟု နိရဉ္စရာ သို့ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို လေ့လာစောင့်ကြည့်နေသူ Center for Peace and Development အဖွဲ့ ဒါရိုက်တာ ဦးထွန်းကြည် က ဒေသခံရေလုပ်သားများ၏ နစ်နာမှုများကို စီမံကိန်းဆောင်ရွက်နေသည့်ကုမ္ပဏီများက လျစ်လျူရှုထား ကန့်ကွက်မှုပေါ်ပေါက်ခြင်း ဖြစ်သည် ဟု နိရဉ္စရာ သို့ပြောသည်။

''ရေနက်ဆိပ်ကမ်း စီမံကိန်းတွေအတွက် EAI တိုင်းနေချိန်မှာ တဖက်ကလည်း ဆောက်လုပ်ရေးတွေစနေပြီပေါ့။ ဒီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ဒေသခံရေလုပ်သားတွေ နစ်နာတွေရှိတာပေါ့။ တပိုင်တနိုင်ဆိုပေမယ့် သိန်း၅၀ အနည်းဆုံးရင်းထားရတာတွေဆိုတော့ ကုမ္ပဏီဖက်ကလည်းပြန်ဖြေရှင်းပေးဖို့လိုတယ်။ မဖြေရှင်းပေးရင် ဒီထက်ပိုပြီး ပြဿနာ တက်လာနိုင်တယ်'' ဟု နိရဉ္စရာသို့ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ တစိတ်တပိုင်းဖြစ်သည့် ရေနက်ဆပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်ကို မြန်မာအစိုးရနှင့် CITIC consortiumတို့က ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး အဆင့်၄ ဆင့်သတ်မှတ်အကောင်အထည်ဖော်မည် ဖြစ်သည်။

ယခုအခါ ရေနက်ဆိပ်ကိမ်းစီမံကိန်းပထမအဆင့်အဖြစ် သင်္ဘောကျောက်ချရပ်နားစခန်း ဆိပ်ခံတံတားများ စတင်တည်ဆောက်နေပြီး ဒေါ်လာ ၁.၃ဘီလီယံအထိ သုံးစွဲ မည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ