တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် စက်လှေတစ်စီးမိုးကြိုးပစ်ခံရ၍ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 409

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်  စက်လှေတစ်စီးသည် ယမန်နေ့ မေလ ၃၀ ရက် ညနေ လေးနာရီခွဲခန့်က မိုးကြိုးပစ်ခံရ၍ စ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

မိုးကြိုးပစ်ခံရ၍သေဆုံးသွားသူမှ ကျောက်ဖြူမြို့နယ် မင်းချောင်းကျေးရွာမှ ဦးထွန်းဝင်းချေ (၄၄ နှစ်) ဖြစ်သည်။

 

၎င်းအပြင် စက်လှေပဲ့ကိုင်သည့် မင်းချောင်းကျေးရွာမှာ ကိုမောင်မောင်တင်ဆိုသူသည်လည်း မိုးကြိုးပစ်ခံရ၍ ခန္ဓာတစ်ဝက်မှာ မီးလောင်မြိုက်ခံရသကဲ့သို့ မဲတူးသွားကာ အသားစများ ပဲ့ထွက်သွားသော်လည်း သတိပြန်ရလာသေးကြောင်း သိရသည်။

 

မိုးကြိုးပစ်ခံရ၍သေဆုံးသွားသည့် ဦးထွန်းဝင်းချေ၏ မိသားစုဝင်တစ်ဦးက "ပဲ့ကိုင်တဲ့သူက ခန္ဓာတစ်စိတ်မီးလောင်သလို တူးသွားပြီး အသားစတွေကွဲထွက်သွားပေမယ့် သတိပြန်ရလာတယ်။ မသေခဲ့ဘူး။ သူကကျတော့လုံးဝသတိမေ့သွားပြီးတော့ ပြန်သတိမရလာတော့ဘူး သေသွားတယ်။ စက်လှေထဲမှာက ကလေးတွေ၊ မိန်းမတွေရောအများကြီးပါသေးတယ်။ စက်လှေမှာပဲ့ကိုင်တဲ့နေရာ တစ်ဝိုက်ကတော့ မိုးကြိုးပစ်ခံရလို့ အပေါက်ကြီးဖြစ်သွားပါတယ်။ အခြားသူတွေကတော့ ခန္ဓာကျဉ်သွားတာကလွဲလို့ ကြီးကြီးမားမားဒဏ်ရာမရကြပါဘူး" ဟုပြောသည်။

 

မိုးကြိုးပစ်ခံရ၍သေဆုံးသွားသည့် ဦးထွန်းဝင်းချေကို ယနေ့နေ့လည်တွင် သဂြိုလ်သွားမည်ဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိသွားသည့် ပဲ့ကိုင်သူကိုမူ ယနေ့တွင် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း မိုခါမုန်တိုင်းဒဏ်ကြောင့်အကြီးအကျယ်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ယာယီတာပေါ်လင်စအမိုးအောက်တွင် ခိုနားနေစဉ် မိုးကြိုးပစ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ