တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ကလလတတပ်ဖွဲ့က စစ်ကောင်စီကို မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်မည်ဟု ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 439

ကရင်နီ (ကယား) ပြည်နယ်ထဲတွင် နှစ်ပေါင်း ၃၀ ကြာ နယ်ခြားစောင့်တပ် BGF အဖြစ် ရပ်တည်ခဲ့သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ - KNPLF) တပ်ဖွဲ့သည် မဟာမိတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ဇူလိုင် ရက် ယနေ့ တရား ဝင်ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကစပြီး ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ တောင်လှ၊ မယ်တ နွယ်၊ ဘီပီ ၁၄၊ မယ်စဲ့ စသည့်ဒေသများ၌ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ကလလတ တပ်ဖွဲ့၏ အဆိုပါထုတ်ပြန်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် အသေးစိတ်သိနိုင်ရေး အတွက် ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရသေးပါဘူး။ KNU/KNLA, KNPP/KA, KNDF တပ်များနှင့်ပူးပေါင်းကာ 4K တပ်ပေါင်းစုအနေနှင့် မြန်မာ-ထိုင်း နယ်စပ် မယ်စဲ့မြို့နယ်ထဲ၌ တပ်စွဲထားသည့် ခမရ ၄၃၀ မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။  

 

ကရင်နီဒေသမှာ လောလောဆယ်တော့ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်အုံးမယ်လို့ဘဲ ယေဘူယျ ပြောလို့ ရမယ်။မြေပြင်အခြေအနေတွေက တိတိကျကျမသိရသေးဘူးလေဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောသည်။

 

စစ်ကောင်စီဖက်ကလည်း အဆိုပါစခန်းများ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် မယ်စဲ့နှင့် ဖားဆောင်း ဒေသများကို ဒီရက်ပိုင်းအတွင်း လေကြောင်းမှ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေကြောင် သိရသည်။

 

(ကလလတ-KNPLF) တပ်ဖွဲ့သည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခွဲ ထွက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တပ်ပေါင်းစုအဖြစ် ပူးပေါင်းခဲ့ ကြောင်း သိရသည်။

 

၁၉၉၄ ခုနှစ်တွင် မေလ ရက်နေ့တွင် စစ်အစိုးရ (နအဖ) နှင့် အပစ်ရပ်စဲခဲ့ပြီး နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းရပ်တည်ခဲ့ရသည်မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

 

NN – 24

Photo: KT

ဆက်စပ် သတင်းများ