သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရန်ကုန်မှ စကစတပ်စခန်း (၂)ခုအပါအဝင်နေရာ ၆ ခုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ က ဗုံး ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 649

ရန်ကုန်က စစ်ကောင်စီ တပ်စခန်း (၂)ခုအပါအဝင် နေရာ ၆ နေရာကို  ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းက ဗုံး ၁၂ လုံးဖြင့် အသီးသီး ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ပြောဆိုသည်။


‌ဖောက်ခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာများမှာ  ဗဟန်းမြို့နယ်ထဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဦးဌာန၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် တရားရုံး၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတို့အား ဖြစ်ကြောင်း သိရှိရသည်။

 

ထိုအပြင် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ထဲက ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာနှင့် တပင်‌ရွှေထီး လမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကိုလည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။


ကျနော်တို့ဘက်တော့ (လှိုင်သာယာ ၅ ထိပ်) ည ၈ ခွဲ ၉ နာရီကျော်လောက်မှာ ပေါက်ကွဲသံ ၂ ကြိမ်လောက် ကြားခဲ့တယ်ဗျ။ ဒီမနက် သတင်းကြားတာက စကစ တပ်သားယောက် ဆုံးတယ်လို့ ကြားတယ်ဟု ‌‌ဒေသသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။


အဆိုပါ ဖောက်ခွဲမှုများကို ရန်ကုန်တွင်းရှိ တော်လှန်ရေးအဖွဲ့များဖြစ်သည့် Anonymous Fighters Force – AFF က ဦး‌ဆောင်ပြီး Freeland Attack Force – FLAPhoenix Urban Guerrilla ForceEmerald Girls Army – EGARangoon Urban Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


လှိုင်သာယာနှင့် သန်လျင်မြို့နယ်အတွင်း ဖောက်ခွဲမှုများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား ၃ ဦးထက် မနည်းသေဆုံးနိုင်ကြောင်းနှင့် ထိခိုက်မှုများရှိကြောင်းကိုလည်AFF အဖွဲ့က ပြောသည်။


စစ်ကောင်စီတပ်များသည် ရန်ကုန်မြို့အတွင်း လုံခြုံရေးတိုးမြှင့်ချထားမှုများနှင့် ရဲကား စစ်ကားများ အသုံးပြုပြီး ရပ်ကွက်များအတွင်း လှည့်လည်မှုများ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း ပိုမိုပြုလုပ်လာနေခဲ့ကြောင်း ဒေသခံများက ပြောသည်။


ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်များ ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ထားသည့် ကြားမှ တော်လှန်ရေး တပ်ဖွဲ့များက စစ်ကောင်စီ အဓိက ဒေါက်တိုင်များအား ပစ်မှတ်ထားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ (NN – 25)


ဓာတ်ပုံ - စစ်ကောင်စီ လက်အောက်ခံများ လုံခြုံရေးယူထားစဉ် (ပုံဟောင်း/ Narinjara)

ဆက်စပ် သတင်းများ