သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

မောင်တောတွင် ALP တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၂ ဦးကို AA က ဖမ်းဆီးသွားဟု သတင်းများထွက်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 762

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့ကွဲမှ တပ်ဖွဲ့ဝင်ဦးနှင့် အရပ်သားဦးကို ရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးသွားသည်ဟုသတင်းများထွက်ပေါ်နေကြောင်းဒေသခံများကပြောသည်။

ဖမ်းဆီးခံရသည့် ALP တပ်ဖွဲ့ဝင် ဦးမှာ မောင်တောမြို့မှ ALP စီးပွားရေးတာဝန်ခံ အာရ်ဂျေ ကေတီဗီပိုင်ရှင် ဦးမောင်သိန်းဦး၏သား ကိုချစ်မင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ နွားပို့နေသည့် တပ်ဖွဲ့ဝင် တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

သူတို့နှင့်အတူ ဖမ်းဆီးခံထားရသည့် အရပ်သား ဦးမှာ မောင်တောမြို့မှ ကိုသန်းလှိုင် (ခေါ်)မောင်ရွှေဘုနှင့် ကိုခင်မောင်ထွန်းတို့ဖြစ်သည်ဟုလည်း သိရသည်။

သူတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ရက်တွင် မောင်တောမြို့နယ်အတွင်းရှိ မြောင်တစ်ခုသို့ ပျော်ပွဲစားသွားရာ လမ်းခုလတ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက နိရဥ္စရာကို ပြောသည်။

ဘာကြောင့် ဖမ်းလဲတော့ မသိဘူး။ AA က ဖမ်းသွားတယ်လို့ပဲကြားပါတယ်။ ALP က နှစ်ယောက်၊ အရပ်ဘက်က နှစ်ယောက်လို့ ပြောကြတယ်။ အရပ်ဘက်ကနှစ်ယောက်ကိုတော့ လွှတ်ပေးလိုက်မယ်ဆိုပြီးတော့လည် ကြားပါတယ်ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကို နိရဥ္စရာက ယနေ့ညနေတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ

အလားတူ AA ပြောခွင့်ရသူ ဦးခိုင်သုခအား နိရဥ္စရာက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးပါ။

ယင်းကြောင့် သူတို့ ဦးအား  ရက္ခိုင့်တပ်တော်က  ဖမ်းဆီးသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် လက်ရှိအချိန်ထိ သီးခြားအတည်မပြုနိုင်သေးပါ။

 

ပြီးခဲ့သည့် ဇူလိုင်လ ရက်က စစ်တွေမြို့တွင် ALP ခေါင်းဆောင် ဦး လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် နောက်တစ်နေ့တွင် သူတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

သူတို့ဖမ်းဆီးခံရပြီးနောက် မောင်တောမြို့ရှိ အာရ်ဂျေ ကေတီဗီအပါအဝင် အခြားကေတီဗီများနှင့် စားသောက်ဆိုင်များကိုလည်း စစ်ကောင်စီက ညအချိန် ဝင်ရောက်စစ်ဆေးခြင်းများရှိနေသည်ဟု မြို့ခံများက ပြောသည်။


ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ရက်၊ ညအချိန်က မောင်တောမြို့နယ်ရှိ နခခ()လက်အောက်ခံ နယ်မြေ() နယ်ခြားစောင့်ရဲစခန်းမှ နယ်ခြားစောင့်ရဲအရာရှိ ဦးထွက်ပြေးသွားသည့် ကိစ္စကြောင့်လည်း မောင်တောမြို့ အဝင်အထွက်နေရာများတွင် လုံခြုံရေးတင်းကျပ်လျက်ရှိပြီး စစ်ဆေးမှုများလည်း တင်းကျပ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။ (NN-16)

 

ဓာတ်ပုံ - ALP တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ