စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရေလွှမ်းမိုးခြင်းခံခဲ့ရသည့် ရခိုင်ပြည်သူများကို ULA/AA က စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 745

ရခိုင်တွင် ရေလွှမ်းမိုးခြင်းခံခဲ့ရသည့်ဒေသခံများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ခဲ့သည်ဟု သိရသည်။

ရခိုင်မှ ရေလွှမ်းမိုးခြင်းခံခဲ့ရသည့် မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများကို ဆန်အိတ်(၇၀)အား သြဂုတ်လ ၁၀ ရက်၊ နံနက် ၉ နာရီတွင် သွားရောက်ထောက်ပံ့ခဲ့သည်ဟု သိရသည်။




မြတန်ဆောင်းဆရာတော်က "အခုလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်
နေတဲ့ ကိုယ့်ပြည်သူတွေကို ပစ်မထားဘဲ အစိုးရကောင်းတစ်ရပ်ရဲ့ ကြန်အင်လက္ခဏာနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပံ့ပိုးကူညီထောက်ပံ့ပေးတဲ့ ULA/AA ရက္ခိုင့်ပြည်သူ့အာဏာပိုင် အစိုးရအဖွဲ့ကို ရေဘေးသင့် စစ်ဘေးရှောင်တွေကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်"ဟု မိန့်သည်။


အလားတူ ရေအကြီးအကျယ်လွှမ်းမိုးခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့လည်း ဆန်အိတ်ပေါင်း ၁၆၄ အိတ်နှင့် မင်းပြားမြို့နယ်၊ မင်းဖူးရွာဒေသခံများအတွက်လည်း စားနပ်ရိက္ခာများကို
  ULA/AA က သြဂုတ်လ ၉ ရက်တွင် သွားရောက်ထောက်ပံ့ခဲ့သည်ဟု ULA/AA ၏ထုတ်ပြန်ချက်အရ သိရသည်။



ရခိုင်တွင် သြဂုတ်လပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများနှင့် ချောင်းရေများလျှံခဲ့သည့်အတွက် လူနေအိမ်များ၊ စိုက်ပျိုးပြီးစ စပါးခင်းများ၊ သောက်သုံးရေကန်များ ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်။

သြဂုတ်လ ၉ ရက်၊ နံနက်အစောမှစတင်ကာ ရေများပြန်ကျသွားကြပြီဖြစ်သော်လည်း ရွှံ့နွံများတင်ကျန်နေခဲ့မှုကြောင့် ဒေသခံများတွင် နေထိုင်ရေး ခက်ခဲနေကြသေးသည်ဟု သိရသည်။


Photo - Cyclone Mocha ERRCA and Mratazaung Foundation-Mrauk-U

 

ဆက်စပ် သတင်းများ