တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦး နဝရတ်ရွှေဆိုင်ပိုင်ရှင်၏ သားဖြစ်သူကိုစစ်ကောင်စီမှဖမ်းဆီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ နဝရတ်ရွှေဆိုင်မှ သားဖြစ်သူကို စစ်ကောင်စီမှ ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်မှ အသက် ၃၉နှစ်အရွယ် ဦးကျော်နိုင်ဦး ဖြစ်ကြောင်းသိရသည်

မြောက်ဦးမြို့၊တောင်ရပ်ရပ်ကွက်တွင် ယမန်နေ့ဒီဇင်ဘာ ၁၈ရက်နေ့ ည ၉နာရီခန့်က  ဦး ကျော်နိုင်ဦးသည် ဆိုင်ကယ်ဖြင့် အပြင်သို့ထွက်စဉ် ကံလှတံထားတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟုမြို့ခံများကပြောသည်။

" ဖမ်းခံရတဲ့လူက နဝရတ်ရွှေဆိုင်ကလူပါ။ သူ့ကိုအလိုလို ဖမ်းသွားတာ။ စစ်သားတွေက ခမမ၃၇၇တပ်ရင်းက"  ဟုပြောသည်။

လက်ရှိတွင်ဖမ်းဆီးခံရသည့် ဦးကျော်နိုင်ဦး ကို ခမရ (၃၇၇) တပ်ရင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မြို့ခံတစ်ဦးကပြောသည်။

" ကျနော်တို့သိရသလောက် တပ်ရင်း၃၇၇ကိုခေါ်သွားတယ်။စစ်သားတွေက ခုလက်ရှိဘယ်သူ့ကို မဆိုဖမ်းဆီးနိုင်တဲ့ အနေထားမှာရှိနေတယ်။ ဓားစာခံအဖြစ်အဖမ်းခံရတာတွေလည်းရှိတယ်။ ငွေညစ်ဖို့ ဖမ်းဆီးခံရတာလည်းရှိတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇) ရက်နေ့ကလည်း  မြောက်ဦးမြို့အပြင်ဘက်တွင်  တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ဒေသခံ (၂) ဦးအား လူသားဒိုင်းကာ အဖြစ် ခေါ်ဆောင်သွားခဲ့ကာ ၎င်းတို့ အား မြောက်ဦးအခြေစိုက် (၅၄၀) တပ်ရင်း၌ ယခုအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ယခင် တိုက်ပွဲများမှသည် တကျော့ပြန် တိုက်ပွဲ ယနေ့ကာလအထိ  စစ်ကောင်စီဘက်မှ သံသယများဖြင့် မတရားသဖြင့် ဖမ်းဆီးထားသော ရခိုင် အရပ်သားပြည်သူ ဦးရေ (၄၃၀) ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ရက်မှထုတ်ပြန်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။(NN-11) 

ဆက်စပ် သတင်းများ